1. Home
  2. International News

မုဆိုးများရဲ့ သတ်ဖြတ်မှု ရန်ကို စိုးရိမ်နေရတဲ့ ထူးဆန်းတဲ့ အာဖရိကန် လူမျိုးစု

International News เม.ย. 22, 2559 view 1,626

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာလာဝီက အဘီနို လူမျိုးတွေဟာ သူတို့ရဲ့ ထူးခြားတဲ့ အသားရေကြောင့် ရဲအဖွဲ့နဲ့ စစ်တပ်တို့ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ နေထိုင်နေရပါတယ်။ ငယ်ရွယ်တဲ့ အဘီနိုလူမျိုးတွေ ကို ဖမ်းဆီးပြီး သူတို့ရဲ့ကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်လေ့ရှိတဲ့ မုဆိုးတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ အဲဒီလူမုဆိုးတွေက အဘီနိုတွေရဲ့ ကိုယ်အစိတ်အပိုင်းတွေကို ဓလေ့ထုံးတမ်းအရ ယဇ်ပူဇော်တဲ့ အခမ်းအနား လိုဟာမျိုးတွေမှာ ပြန်လည်အသုံးပြုတာ ဖြစ်ပါတယ်။ မာလာဝီရဲအဖွဲ့က အဘီနိုလူမျိုးတွေကို တိုက်ခိုက်တဲ့သူ ကို တွေ့ရှိခဲ့မယ်ဆိုရင် အဲဒီနေရာမှာပဲ သေနတ်နဲ့ပစ်ပြီး တခါတည်း ရှင်းလင်းပစ်ဖို့အထိ တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးထားပါတယ်။ ကုလသမဂ္ဂရဲ့ ကြေငြာချက်အရ လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ အနည်းဆုံး အဘီနိုလူမျိုး ၁၅ ယောက်လောက် သတ်ဖြတ်ခံခဲ့ရပြီး အများစုက ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဘီနိုလူမျိုးတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ ကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ကြတာကတော့ သူတို့ရဲ့အစိတ်အပိုင်းတွေဟာ ကျန်းမာရေး၊ ကံကောင်းမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဆောင်ကြဉ်းလာနိုင်တယ်လို့ ယုံကြည်ကြလို့ ဖြစ်ပါတယ်။ ၂၀၀၉ တုန်းကလည်း တန်ဇန်နီးယားဝန်ကြီးချုပ် မီဇန်ဂိုပင်ဒါက အဘီနိုလူမျိုးတွေကို သတ်ဖြတ်တာမျိုးပဲ ဖြစ်ဖြစ်၊ အဘီနိုတွေရဲ့ကိုယ်အစိတ်အပိုင်းတွေနဲ့ အတူတွေ့ရတာပဲ ဖြစ်ဖြစ် အဲဒီသူတွေကို တွေ့တဲ့နေရာမှာပဲ သတ်ပစ်ဖို့ နိုင်ငံသားတွေကို တိုက်တွန်းခဲ့ဖူးပါတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ အဆိုအရ မှော်အတတ်ကို လေ့လာလိုက်စားသူတွေက အဘီနိုတွေရဲ့ကိုယ်အစိတ်အပိုင်းတွေကို အမေရိကန်ဒေါ်လာ ၇၅၀၀၀ လောက် အထိ ပေးလေ့ရှိတယ်လို့ သိရပါတယ်။ အသားအရည် ပုံမှန်မဟုတ်တဲ့ အဘီနိုလူမျိုးတွေရဲ့ ရောဂါမျိုးကို ကမ္ဘာပေါ်မှာ လူ ၂၀၀၀၀ မှာ တစ်ယောက် ခံစားနေရပါတယ်။



Follow us on