1. Home
  2. International News

၂၀၁၆ နိုင်ငံတကာ တက်သစ်စ လူငယ်ခေါင်းဆောင် ၁၀ ဦးမှာ ပါဝင်ခဲ့တဲ့ မသဉ္ဇာရွှန်းလဲ့ရည်

International News เม.ย. 25, 2559 view 1,686

ကမ္ဘာတ၀ှမ်းမှာ လူမှုရေးအပြောင်းအလဲကို အပြုသဘောဆန်စွာ ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်မှုတွေအတွက် အမေရိကန် နိုင်ငံခြားရေးဌာနက ပထမဦးဆုံး အကြိမ်အဖြစ် ကမ္ဘာတ၀ှမ်းက လူငယ် ၁၀ ဦးကို ရွေးချယ်ဂုဏ်ပြုတဲ့အခမ်းအနားကို ၀ါရှင်တန်ဒီစီမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။

အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား နိုင်ငံတကာ တက်သစ်စလူငယ် ခေါင်းဆောင်ဆုရှင်တွေအနက် ထူးခြားချက်တခုကတော့ မြန်မာနိုင်ငံက အမျိုးသမီး လူငယ်ဆုရှင် မသဉ္ဇာရွှန်းလဲ့ရည်လည်း ပါဝင်ပါတယ်။ သူဟာ အမျိုးသားလူငယ်ကွန်ဂရက်နဲ့ ရန်ကုန်လူငယ်ကွန်ယက်တို့ကို ညှိနှိုင်းဆောင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။

မသဉ္ဇာရွှန်းလဲ့ရည်ကို ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် အမျိုးသမီးကဏ္ဍအတွက် ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။

 



Follow us on