1. Home
  2. International News

ပိုးသတ်ဆေးပါတဲ့ မုန့်တွေ စားမိလို့ လူပေါင်း ၂၃ ဦးသေဆုံး

International News เม.ย. 26, 2559 view 1,727

ပိုးသတ်ဆေးတွေ ပါဝင်တဲ့ ကိတ်မုန့်၊ ပေါင်မုန့်တွေ စားမိတဲ့အတွက် လူပေါင်း ၂၃ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ် ပါကစ္စတန်မှာ ဖြစ်ပွားခဲ့ပါတယ်။ ခါရာလာအီဆန်အရပ်မှာ နေထိုင်သူ ဟေယက်ဆိုတဲ့ အမျိုးသားဟာ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲ ကျင်းပဖို့အတွက် ပေါင်မုန့်၊ ကိတ်မုန့် ဖုတ်တဲ့ဆိုင်ကနေ မုန့်တွေသွားရောက် ဝယ်ယူခဲ့ပါတယ်။ အဲဒီမုန့်တွေကို စားမိပြီးနောက် တစ်နေ့တည်းမှာပဲ သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့ပါတယ်။

နောက်ပိုင်း သေဆုံးခဲ့သူတွေကိုပါ ရေတွက်လိုက်ရင် ၂၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ အခုအခါ ရဲတပ်ဖွဲ့က အဆိုပါ မုန့်ဆိုင်က ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ပါတယ်။ အဆိုပါ မုန့်တွေကို စားမိတဲ့အတွက် သေဆုံးသူ ၂၃ ဦးအပြင် နောက်ထပ် လူပေါင်း ၅၂ ဦး ဆေးကုသမှု ခံယူနေကြောင်း သိရပါတယ်။ မုန့်ဖုတ်ရာမှာ ဆိုင်ရဲ့အလုပ်သမားတွေက ပိုးသတ်ဆေးတွေကို မှားယွင်းထည့်သွင်းလိုက်တယ်လို့ အခုအခါ ရဲတပ်ဖွဲ့က ယူဆနေကြပါတယ်။

Credit ; http://www.duwun.com.mm/



Follow us on