1. Home
  2. International News

ကိုယ်ရံတော်စက်ရုပ်များနဲ့ လက်ဝတ်ရတနာဈေးဝယ်ထွက်တဲ့ တရုတ်သူဌေး

International News เม.ย. 26, 2559 view 1,552

Guangdong ပြည်နယ် Guangzhouမြို့မှာ လက်ဝတ်ရတနာထွက်ဝယ်ခဲ့တာဖြစ်ပါတယ်။ သူ့နောက်မှာတော့ စက်ရုပ်၈ဦးက ကိုယ်ရံတော်အဖြစ်ပါခဲ့ပါတယ်။ သူရဲ့ပိုက်ဆံအိတ်အပြင်အခြားအသုံးအဆောင်တွေကို စက်ရုပ်တွေကိုသယ်ခိုင်းခဲ့ပါတယ်။

သူ့ကိုလူတွေက Tuhao လို့ခေါ်ကြပြီး Tuhaoရဲ့အဓိပ္ဗါယ်ကတော့ နေ့ချင်းညချင်းချမ်းသာလာတဲ့အချောင်သမားလို့ ဆိုလိုတာလို့ သိရပါတယ်။

စက်ရုပ်တွေဟာ တရုတ်နိုင်ငံမှာ တဖြည်းဖြည်းနဲ့ခေတ်စားလာပါတယ်။ မကြာသေးမိကပဲ guiyang မြို့မှာ စက်ရုပ် စားပွဲထိုးများနဲ့ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပါတယ်။

တရုတ်သိပ္ဗံနဲ့နည်းပညာ တက္ကသိုလ်တစ်ခုက မကြာမီက ဂျပန်မော်ဒယ် နဲ့တူတဲ့ စက်ရုပ်တစ်ရုပ်ကို တည်ထွင်ခဲ့ပြီး ထိုစက်ရုပ်ဟာ သူမဘေးမှာရှိတဲ့သူနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆို နိုင်ပါတယ်။Credit:Shwemom

 



Follow us on