1. Home
  2. International News

လန်ဒန်ရဲ့ အထင်ကရ Big Ben နာရီစင်ကြီး ရပ်နားမည်

International News เม.ย. 27, 2559 view 1,864

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရဲ့ အထင်ကရ ပြယုဂ်တစ်ခုဖြစ်တဲ့ Big Ben နာရီစင်ကြီးကို လအနည်းငယ် ရပ်နားထားတော့မယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၁၅၇ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ နာရီစင်ကြီးကို အဆောတလျင် ပြင်ဆင်ရန် လိုအပ်လာမှုကြောင့် ရပ်နားရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။နာရီစင်ကြီး ပြင်ဆင်မှုဟာ ပေါင်စတာလင် သန်း ၃၀ နီးပါး ကုန်ကျမယ်လို့လည်း ဆိုပါတယ်။

နာရီစင်ကြီး ထားရှိတဲ့ မျှော်စင် အဆောက်အအုံကိုလည်း သုံးနှစ်စီမံကိန်းဖြင့် မွမ်းမံပြင်ဆင်သွားမှာ ဖြစ်ပါတယ်။အဆိုပါ အဆောက်အအုံကို လာမယ့်နှစ်မှာ စတင် ပြင်ဆင်သွားမှာဖြစ်ပြီး ပြင်ဆင်နေချိန် သုံးနှစ်လုံးမှာတော့ နာရီကြီးကို ရပ်နားထားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နာရီကြီးရဲ့ စက်ပစ္စည်းတွေဟာ လအနည်းငယ် ရပ်နားပြီး ပြင်ဆင်ရန် မဖြစ်မနေ လိုအပ်မှာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နာရီစင်ကြီးအတွင်း တပ်ဆင်ထားတဲ့ ၁၃.၅ တန် အလေးချိန်ရှိ နာရီအချက်ပေး ခေါင်းလောင်းကြီးကို အစွဲပြုပြီး Big Ben လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

၃၁၅ ပေမြင့်တဲ့ Big Ben နာရီစင်ကြီး တည်ဆောက်မှုကို ၁၈၅၆ ခုနှစ်မှာ အပြီးသတ်ခဲ့ပြီး နာရီကြီးကို ၁၈၅၉ ခုနှစ်မှာ တပ်ဆင်ခဲ့ပြီး မေလ ၃၁ ရက်မှာ စတင် လည်ပတ်ခဲ့ပါတယ်။Big Ben နာရီစင်ရဲ့ နာရီကြီးမှာ စက်ပစ္စည်း အစိတ်အပိုင်းပေါင်း ၃၁၂ ခု ပါဝင်ပြီး အဆိုပါ အစိတ်အပိုင်းတွေကို အဆောတလျင် ပြင်ဆင်ရန် လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ Big Ben ကို ၂၀၁၂ ခုနှစ်မှာ ဗြိတိန်ဘုရင်မကြီးရဲ့ နန်းသက် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် အဲလိဇဘက်သ်တာဝါလို့ အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

Credit ; http://www.duwun.com.mm/



Follow us on