1. Home
  2. International News

Sex Party အတွက် အသက်မပြည့်သေးသော အမျိုးသမီးငယ်များကို ပါ ရွေးချယ်စုဆောင်းနေတဲ့ မြောက်ကိုးရီးယား

International News เม.ย. 29, 2559 view 1,869

မြောက်ကိုးရီးယား ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သူတို့ အပန်းဖြေဖို့အတွက် ကို အမျိုးသမီးငယ်များကို အတင်း အဓမ္မ ခေါ်ယူပြီး ဖျော်ဖြေမှုများကို ပြုလုပ်ကြောင်း သိရပါတယ် ။ 

ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်လျက်ရှိတဲ့ မြောက်ကိုရီးယား မှာ လူကုံထုံ အသိုင်းအဝိုင်းနဲ့ ဗိုလ်ချုပ်တွေ ကို ဖျော်ဖြေ တင်ဆက်ဖို့အတွက် အမျိုးသမီးငယ်များ စုဆောင်းခံနေရတယ်လို့ သိရပါတယ် ။ 

အခုလို ဖျော်ဖြေတက်ဆက်ဖို့အတွက် စုဆောင်းခံရတဲ့ အမျိုးသမီးငယ်များ အတွင်း အသက် ၁၃ နှစ် အရွယ်သာရှိသေးတဲ့ ကျောင်းသူတွေတောင် ပါဝင်တယ်လို့ သတင်းများတွင် ဖော်ပြထားပါတယ်။ 

အမျိုးသမီးငယ်များကို စုဆောင်းရာမှာလည်း မိသားစုနဲ့ ဆရာဝန်တွေဆီက အထောက်အထားတွေ ယူပြီး အပျိုစင်ဖြစ်သူတွေကို သာ ရွေးချယ်ကြောင်းသိရပါတယ် ။ 

ရွေးချယ်စုဆောင်းထားတဲ့ အမျိုးသမီးတွေကိုလည်း ဖျော်ဖြေရာမှာ ကျွမ်းကျင်မှုရှိရန်အတွက် လေ့ကျင့်ပေးမှုများလည်း ရှိပါတယ် ။ 

ပြီးခဲ့တဲ့ နှစ် အတွင်းမှာ ဒီကိစ္စ နဲ့ ပါတ်သက်ပြီး မလိုက်လျောချင်လို့ ထွက်ပြေးဖို့ ကြိုးစားတဲ့ သူအမြောက်အများ ရှိခဲ့ပါတယ် ။ 

အခုအချိန်မှာ လူကြီးတွေကို ဖျော်ဖြေဖို့အတွက် အမျိုးသမီးငယ် ၂၀၀၀ လောက်ကို စုဆောင်းထားပြီး အဓိကအားဖြင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေပေးသူ ၊ သီချင်းဆိုကပြရသူနဲ့ နှိပ်ပေးရသူ ဆိုပြီး အုပ်စု (၃) စု ခွဲထားတယ်လို့သိရပါတယ် ။ 

 

 



Follow us on