1. Home
  2. International News

မန်ယူအိမ်ကွင်းမှာ သရေ ကျခဲ့လို့ ပီးရီးယားလိဂ်ဖလား မရသေးတဲ့ လက်စတာ

International News พ.ค. 02, 2559 view 1,529

ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)မှာ မန်ယူနဲ့ လက်စတာ တစ်ဂိုးစီ သရေဖြစ်ခဲ့တဲ့အတွက် အိုးထရက်ဖို့ဒ်ကွင်းမှာ လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ မေ(၃)ရက် နံနက် ၁း၃၀ အချိန်မှာ ကစားမယ့် ချဲလ်ဆီးနဲ့ စပါးတို့ပွဲမှာ စပါးအသင်း အနိုင်မရခဲ့ဘူးဆိုရင် လက်စတာက ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်က ပရီးမီးယားလိဂ်လို့ ပြောင်းလဲခဲ့တဲ့နောက်ပိုင်း မန်ယူ(၁၃ကြိမ်)၊ ချဲလ်ဆီး(၄ကြိမ်)၊ အာဆင်နယ်(၃ကြိမ်)၊ မန်စီးတီး(၂ကြိမ်)တို့လို အသင်းကြီးတွေကလွဲရင် ၁၉၉၄ ခုနှစ်က ဘလက်ဘန်းအသင်းတစ်သင်းပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ ဒီအတွက်ကြောင့် အခုရာသီမှာ လက်စတာအသင်း ချန်ပီယံဖြစ်ရင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ခြောက်သင်းမြောက် ချန်ပီယံအသင်း ဖြစ်လာမှာပါ။

ရာသီအစမှာ ဘွတ်ကီဒိုင်တွေက လက်စတာ ချန်ပီယံဖြစ်ရေးကို ၅၀၀၀လေး ၁ လေး လောင်းကြေးဖွင့်ခဲ့ပြီး လက်စတာက သူ့ထက် အဘက်ဘက်က အသာစီးရထားတဲ့ အသင်းကြီးတွေကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်တော့မယ့် အနေအထားမှာ ဘွတ်ကီဒိုင်တွေလည်း လောင်းကြေးငွေတွေ ၀က်ဝက်ကွဲ လျော်ရတော့မှာပါ။

အိုးထရက်ဖို့ဒ်မှာ ချန်ပီယံဆု မရခဲ့ပေမယ့် ငွေကြေးဝါဒီ အသင်းကြီးတွေကို ဖြုတ်ချပြီး လက်စတာအသင်း ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံဖို့ မဝေးတော့ပါဘူး။ စပါးက ချဲလ်ဆီးကို အနိုင်ရခဲ့မယ်ဆိုရင်တောင် လက်စတာအနေနဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့ရင် ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ရာသီသိမ်းပွဲစဉ်မှာ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းရဲ့ Guard of Honor အဖြစ် ဂုဏ်ပြုမှုနဲ့အတူ အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။

 

 

 



Follow us on