1. Home
  2. International News

ၾသစေတ်းလ်တရားရံုးကေန တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ပေးလိုက်တဲ့၁၂အရွယ်ကောင်မလေး

International News พ.ค. 02, 2559 view 1,503

ၾသစေတ်းလ် Qeenslandတရားရံုးကေန ၁၂နှစ်အရွယ်ကလေးမလေးတစ်ယောက်ကို ကိုယ်ဝန်ဖျက်ချဖို့ခွင့်ပြုပေးခဲ့ရပါတယ်။ ဘာလို့လည်း ဆိုတော့ ဒီကလေးမလေးဟာ သူနဲ့အရွယ်တူကောင်လေးတစ်ယောက်နဲ့ မဖြစ်သင့်တာတွေဖြစ်ခဲ့လို့ပါ။ Rockhamptonမှာနေထိုင်တဲ့ ဒီကောင်မလေးဟာတရားရုံးကိုတရားဝင်ခွင့်မတောင်းမီလူမှုကူညီရေးအဖွဲ့ကလူအချို့ကိုအကြံဥာဏ်တောင်းခဲ့ပါတယ်။ နောက်တော့ စိတ်ပညာရှင်တစ်ယောက်ကိုလည်း အကူအညီတောင်းခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းဟာ သြစတျေးလျမှာကိုယ်ဝန် ၂၂ပတ်အတွင်း တရားဝန်ပါတယ်။ ဒါပေမယ့် ဒီကိုယ်ဝန်ဟာမိခင်ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နို်င်တယ်လို့ အခိုင်အမာရှိမှ ဖျက်ချလို့ရတာပါ။ကလေးဟာ တော်တော်လေးကို စိတ်ဓာတ်တွေကျနေပြီး အိမ်ကနေလည်းထွက်ပြေးကမိမိအသားကိုလည်း ပြန်လှီးခဲ့ပါတယ်။ သေကြောင်းကြံစည်ဖို့လည်း ၂ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် တရားရုံးက ကိုယ်ဝန်ဖျက်ချဖို့ ခွင့်ပြုပေးလိုက် တာဖြစ်ပါတယ်။

ဒီသတင်းက သြစတျေးလျမှာဖြစ်တာဆိုပေမယ့် မြန်မာနိုင်ငံမှာလည်း ကလေးတွေကို ဖုန်းတွေ၊ အင်တာနက်တွေပေးသုံးတာကို သေချာစောင့်ကြည့်သင့်ပါတယ်။ ဒါမျိုးအဖြစ်အပျက်ဟာ အသိဥာဏ်သိပ်မရှိသေးတဲ့ကလေးတွေမှာ အချိန်မရွေးဖြစ်ပျက်သွားနိုင်ပါတယ်။



Follow us on