1. Home
  2. International News

စက်ရုပ် ဘောလုံးကန် ပြိုင်ပွဲ

International News พ.ค. 02, 2559 view 1,519

နည်းပညာကတော့ အရှိန်အဟုန်နဲ့ လျင်မြန်စွာ တိုးတက်လျက်ရှိပါတယ်။ အခုခေတ်ကြီးမှာ စက်ရုပ်တွေ စားပွဲထိုး၊ ငွေစာရင်းကိုင်နဲ့ သတင်းရေးသားသူ အဖြစ်နဲ့တောင် လူသားတွေရဲ့ အလုပ်ကို လုပ်ကိုင်လာကြပါတယ်။ သူတို့မှာလည်း လူသားများနည်းတူ အပန်းဖြေ အားလပ်ချိန်တွေဆိုတာ ရှိကြပါတယ်။ ဘောလုံးကစားခြင်းနဲ့ သူတို့ကိုယ်ပိုင် ကမ္ဘာ့ဖလားပွဲတောင် ရှိပါတယ်။

RoboCup China 2016 ကို တရုတ်နိုင်ငံ အရှေ့ပိုင်း Anhui ခရိုင် Hefei မြို့မှာ အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံးက စက်ရုပ်အသင်း ၃၀၀ ကျော် ဆွဲဆောင်ခဲ့ပါတယ်။

စက်ရုပ်တွေဟာ ၃ ရက်ကြာကျင်းပတဲ့ အဆိုပါပွဲမှာ သူတို့ရဲ့ ဘောလုံးကျွမ်းကျင်မှုကို ထုတ်ဖော်ပြသသည့်အပြင် ကယ်ဆယ်ရေးလှုပ်ရှားမှုနဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်းနဲ့ ပတ်သက်တာတွေလည်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။

၁၉၉၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ RoboCup China ဟာ အခုဆို ၁၇ နှစ်မြောက်ရှိခဲ့ပါပြီ။ နှစ်စဉ်ကျင်းပတဲ့ ယင်းပွဲဟာ စက်ရုပ်နဲ့ လူ့ဥာဏ်ရည်ကို ကွန်ပျူတာနဲ့ စီစဉ်တုပ တီထွင်မှု ပိုမိုတိုးတက်ကောင်းမွန်ခြင်းအတွက် ရည်ရွယ်ပါတယ်။ အဓိကရည်ရွယ်ချက်တွေထဲ တစ်ခုမှာ နှစ် ၅၀ အတွင်း လူသားဘောလုံးအသင်းတွေ ယှဉ်နိုင်ဖို့ သို့မဟုတ် အနိုင်ရရှိဖို့လို့  မီဒီယာသတင်းများအရ သိရပါတယ်။ 

 



Follow us on