1. Home
  2. International News

သားငယ်နဲ့ အတူ မိဘမဲ့သမင်ငယ်လေးကို နို့တိုက်ကျွေးတဲ့ မိခင်

International News พ.ค. 02, 2559 view 1,606

အိန္ဒိယနိုင်ငံ ရာဂျက်စ်သန်ပြည်နယ် ဝေးလံခေါင်ဖျားဒေသ တစ်ခုက မိခင်တစ်ဦးဟာ မိဘမဲ့ သမင်လေးတစ်ကောင်ကို သူ့သားကိုတိုက်နေတဲ့ နို့ထဲကခွဲပြီး စို့စေတယ်လို့ သတင်းဓာတ်ပုံတွေက ဖော်ပြထားပါတယ်။

ကြည်နူးစရာလုပ်ရပ်ကို လုပ်ဆောင်ပေးနေတဲ့ ကြင်နာတတ်တဲ့ အမျိုးသမီးဟာ ဘစ်ရှ်နွိုင်လို့ခေါ်တဲ့ မျိုးနွယ်စုထဲက ဖြစ်ပါတယ်။

သမင်လေးတွေကို သူတို့မျိုးနွယ်စုက ချစ်ခင်ကြပြီး တတ်နိုင်သမျှလည်း ကာကွယ်ပေးကြပါတယ်။

ဓသမင်ပေါက်စလေးဟာ ကျွန်မရင်သွေး ကလေးတွေနဲ့တူတူပဲ သဘောထားပါတယ်"လို့ အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အိမ်ရှင်မှ မန်ဂီဒေဝီဘစ်ရှ်နွိုင်က ဆိုပါတယ်။

"ကျွန်မက သူ့ကို မိခင်နို့တိုက်ပေးပါတယ်။ အစားအစာလည်း ကျွေးပါတယ်။

မိသားစုဝင်တစ်ဦးကို ဆက်ဆံတဲ့ ပုံစံအတိုင်း ဆက်ဆံပါတယ်"လို့ အဆိုပါအမျိုးသမီးက ပြောကြားပါတယ်။

ခုလိုမျိုးပြုစုပေးမယ်ဆိုရင်တော့ သူတို့ဟာ မိဘမဲ့လေးတွေ မဟုတ်တော့ပါဘူးလို့လည်း ပြောပြပါတယ်။


သူတို့မျိုးနွယ်စုဒေသမှာ အိမ်ခြေ ၂ဝဝဝ လောက်ရှိပြီး အပင်တွေ သတ္တဝါတွေကို စောင့်ရှောက်နေတာ နှစ်ပေါင်း ၆ဝဝ လောက်ရှိပါပြီတဲ့။

ဒေသခံလူငယ်တစ်ယောက်ကလည်း သူတို့ဟာ ထိုသမင်တွေနဲ့ပဲ ကြီးပြင်းလာတာပါလို့ ပြောပြပါသေးတယ်။

သဘာဝနဲ့ တသားတည်းနေပြီး သဘာဝကို ပြုစုစောင့်ရှောက်တဲ့ မျိုးနွယ်စုရဲ့ အစဉ်အလာကလည်း ဂုဏ်ယူစရာပါခင်ဗျာ။

 

 

 



Follow us on