1. Home
  2. International News

၁၆ နှစ်ကြာမှ ရုပ်လောင်းကို ပြန်တွေ့တဲ့ တောင်တက်သမား (၂) ယောက်

International News พ.ค. 03, 2559 view 1,657

ဟိမဝန္တာတောင်တန်းဒေသမှာ ဆီးနှင်းထု ပြိုကျမှုအတွင်း သေဆုံးခဲ့တဲ့ အမေရိကန် တောင်တက်သမားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ၁၆ နှစ်ကြာပြီးမှ ရေခဲများဖုံးလွှမ်းနေတဲ့ တောင်ပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

အမေရိကန်တောင်တက်သမား အဲလက်စ် လိုဝီနဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူ ဓာတ်ပုံဆရာ ဒေးဗစ် ဘရစ်ခ်ျတို့ နှစ်ဦးဟာ ၁၉၉၉ ခုနှစ် အောက်တိုဘာလက တိဘက်ဒေသရှိ ပေရှစ်ထောင်ကျော်မြင့်တဲ့ ရှီရှာပန်ဂ်မာတောင်ထိပ်ကို တက်ရောက်စဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့ပါတယ်။

ရေခဲထုအတွင်း နစ်မြုပ်နေတဲ့ သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တောင်တက်သမားနှစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦး မတော်တဆမှုကြောင့် သေဆုံးချိန်မှာ အဲလက်စ်က အသက် ၄၀ ဖြစ်ပြီး ဓာတ်ပုံဆရာ ဘရစ်ခ်ျက အသက် ၂၉ နှစ်အရွယ် ဖြစ်ပါတယ်။

အဲလက်စ်ဟာ နာမည်ကြီး တောင်တက်သမားတစ်ဦးဖြစ်ပြီး အခြား တောင်တက်သမားတွေကို ကယ်တင်ခဲ့မှုတွေကြောင့်လည်း တောင်တက်သမား အသိုင်းအဝိုင်းမှာ လေးစားမှုခံရသူ ဖြစ်ပါတယ်။ 

 



Follow us on