အမေရိကန် နယူးယောက်မှာရှိတဲ့ NYU Langone Medical Center ဆိုတဲ့ ဆေးရုံတစ်ရုံမှာ ခွဲစိမ်မှုပြုလုပ်နေစဉ်အတွင်း လူနာကို မီးစွဲလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီလို ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ အခန်းတွင်း အောက်ဆီဂျင်ဓာတ်မြင့်မားခြင်းကြောင့်လို့ ကောက်ချက်ချထားပြီး အောက်ဆီဂျင်အကာအကွယ် မျက်နှာဖုံးတွေလည်း တပ်ဆင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ ခွဲစိပ်ကုသမှု အပြည့်အစုံကို ဖြေရှင်းချက် ပေးထားခြင်းမရှိဘဲ NYU Langone Medical Center ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။ ခွဲစိပ်ဆရာဝန်တွေဟာ အောက်ဆီဂျင်ပမာဏ ကို ထိန်းချုပ်ခြင်းမရှိဘဲ ခွဲစိပ်တဲ့အခါမှာ သုံးလေ့ရှိတဲ့ surgical fire လို့ခေါ်တဲ့ မီးပွင့်တစ်ခုကြောင့် လူနာကို မီးစွဲလောင်ခဲ့ခြင်း ဖြစ်ပါတယ်။ Freedom of Information request ရဲ့ အစီရင်ခံစာမှာတော့ ဒီဖြစ်စဉ်အတွက် ဆေးရုံရဲ့ လုံခြုံရေးဆိုင်ရာမူဘောင်တွေကို အပြစ်ဖို့ထားပြီး စုံစမ်းစစ်ဆေးနေတဲ့တာဝန်ရှိသူတစ်ယောက်ကတော့ “ခွဲစိပ်ဆရာဝန်နဲ့ မေ့ဆေးဆရာဝန်တွေရဲ့ ခွဲစိပ်ခန်းတွင်း ဆက်ဆံရေး ပျက်ကွက်မှု”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါဆေးရုံရဲ့ ကျန်းမာရေးဌာနကလည်း စစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်ပြီး 2014 ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ‘ အန္တရာယ်ရှိပြီး ပျက်ဆီးဆုံးရှုံးနိုင်ချေများတဲ့ အခြေအနေမှာ ဒီလိုဖြစ်ရပ်တွေကနေ ကာကွယ်ဖို့ အရေးပေါ်အစီအစဉ်မရှိခဲ့တဲ့ အားနည်းချက်လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆေးရုံဟာ လက်တလော အဖြစ်အပျက်ပေါ် သင်္ခန်းစာယူပြီး လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေနဲ့၊ လူနာကို ပေးတဲ့အောက်ဆီဂျင်ပမာဏကိုလည်း ထိန်းချုပ်ဖို့ ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ ခွဲစိပ်ခန်းအတွင်းမှာ အောက်စီ၈ျင် Level ဟာ 550 မှ 650 အတွင်း ရှိသင့်တယ်လို့လည်း သိရပါတယ်။ ဒီပမာဏထက် များရင် အချိန်မရွေး မီးလောင်နိုင်ပါတယ် လို့လဲ သိရပါတယ်။ Credit: ShweMom