1. Home
  2. International News

ခင်ပွန်းဖြစ်သူကို ကြေးစားလူသတ်သမားငှားပြီးသတ်ခိုင်းတဲ့ဇနီးသည်

International News พ.ค. 05, 2559 view 1,563

ဖောက်ပြန်နေတဲ့ အသက်၂၈နှစ်အရွယ် ဇနီးသည်တစ်ယောက်ဖြစ်တဲ့ Nurten Taycurဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Uberတက္ကစီသမားကို သတ်ဖို့ ကြေးစားလူသတ်သမားကို ပေါင် ၅၀၀၀နဲ့ငှားရမ်းခဲ့ပါတယ်။ ထိုလူသတ်သမားကို လည်း သူမရဲ့ယောက်ျားကိုသတ်တဲ့အခါ သေနတ်နဲ့မသတ်ပဲ ဓားနဲ့သတ်ကာ ကားခေါင်မိုးပေါ်မှာ ISISလို့ရေးဖို့ မှာကြားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သူငှားရမ်းလိုက်တဲ့ကြေးစားလူသတ်သမားဟာ တကယ့်အစစ်လူသတ်သမားမဟုတ်ပဲ အခြားအမှုတစ်ခုအတွက် သူလျှိုသတင်းပေးလုပ်နေတဲ့ ရဲတစ်ယောက်ဖြစ်နေခဲ့ပါတယ်။

Taycurကို ဖမ်းမိခဲ့တာ ကတော့ သူမ ကြေးစားလူသတ်သမား(ရဲ)ကို စရံ ပေါင်၁၀၀၀ပေးချေတဲ့နေ့မှာပဲဖြစ်ပါတယ်။ သူမရဲ့ယောက်ျား ဖြစ်သူက ဒီသတင်းကိုကြားတော့ “ကျွန်တော်တို့ အိမ်ထောင်ရေးမှာ ဘာပြဿနာမှမရှိခဲ့ဘူးလို့ ကျွန်တော်ထင်ခဲ့ တာပါ။ သူဘာလို့ကျွန်တော့်ကိုသတ်ချင်တာလဲ ကျွန်တော်စဉ်းစားလို့မရပါဘူး။ သူကျွန်တော့်ကို မချစ်တော့ရင် သမရိုးကျ ကွာရှင်းလို့ရတာပဲလေ”လို့အံ့သြတကြီးပြောခဲ့ပါတယ်။

Taycurဟာ ၁၆နှစ်အရွယ်ကတည်းက သူမရဲ့ခင်ပွန်းနဲ့အိမ်ထောင်ကျခဲ့တာဖြစ်ပြီး တူရကီနိုင်ငံ Kurdishရွာက နေ UKကိုပြောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ သူတို့ဟာ Hackeyမြို့မှာနေထိုင်ကြတာဖြစ်ပြီး လွန်ခဲ့တဲ့လအနည်း ငယ်က တူရကီနိုင်ငံကိုအလည်သွားခဲ့ကြပါသေးတယ်။ သူမက Johnလို့ အမည်ရတဲ့ ကြေးစားလူသတ်သမားကို တွေ့ခဲ့တာကတော့ ၂၀၁၅နိုဝင်ဘာလမှာဖြစ်ပါတယ်။ သူမအနေနဲ့ မပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာနေထိုင်နေရပြီး အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာ၂နှစ်လောက်ရှိနေပြီဖြစ်ကြောင်း၊ အခုတော့ အဲ့ဒိအခြားတစ်ယောက်နဲ့အတူ နေချင်ပြီဖြစ်လို့ လက်ရှိယောက်ျားကိုသတ်ချင်ကြောင်း Johnကို ပြောပြခဲ့ပါတယ်။

Taycur ဟာ Johnကို သေနတ်အသုံးပြုပြီးမသတ်ပဲ ဓားဖြစ်သတ်ခိုင်းစေခဲ့ပါတယ်။ နောက်ပြီးကားခေါင်မိုးပေါ်မှာ ISIS လို့ရေးပေးဖို့တောင်းဆိုခဲ့ပါတယ်။ “နင်သူ့ကိုဓားနဲ့ထိုးသတ်မယ်ဆိုရင် သူသေတာ သေချာပါစေ”လို့လည်း သေချာအောင်မှာခဲ့ပါတယ်။ ကြေးစားလူသတ်သမားက ခင်ပွန်းဖြစ်သူကိုသတ်ပြီး အလောင်းဖျောက်ပေးမယ်လို့ပြော တော့ သူမကလက်မခံခဲ့ပါဘူး။ သူမက အလောင်းကိုလိုချင်ကြေင်းပြောပါတယ်။ သူမအနေနဲ့အလောင်းကို တူရကီ ကိုသယ်သွားပြီး အလောင်းရှေ့မှာ ငိုယိုကာ သူမအမျိုးတွေယုံအောင်ပြချင်ကြောင်း ပြောခဲ့ပါတယ်။

Decemberလ ၄ရက်နေ့မှာတော့ သူမဟာ သူမရဲ့ခင်ပွန်းရဲ့ ပတ်စ်ပို့ဓာတ်ပုံတစ်ပုံကို ကြေးစားလူသတ်သမားကိုပေး ခဲ့ပါတယ်။ ဓာတ်ပုံနောက်ကျောမှာ ကားနံပါတ်ပါရေးပေးထားပါတယ်။ နောက်တော့ Text Message အနေနဲ့ ” အဆင်သင့်ဖြစ်ပြီ။ ငါတော့ စိတ်အရမ်းလှုပ်ရှားနေတယ်”လို့ ကြေးစားလူသတ်သမားဆီပို့ခဲ့ပါတယ်။ စရံပေါင် ၁၀၀၀ပေးတဲ့မှာပဲ သူမကိုဖမ်းခဲ့ပြီး သူမအိမ်ကိုဝင်စစ်ဆေးရာမှာ ကျန်တဲ့ငွေ ၄၀၀၀ကိုလည်းတွေ့ခဲ့ပါတယ်။ အစကတော့ ဝန်မခံခဲ့ပေမယ့် အခုတော့ ဝန်ခံခဲ့ပါပြီ။ မေလ ၁၃ရက်နေ့မှာ နောက်ဆုံး စီရင်ချက်ကိုတရားရုံးက ချမှတ်သွား မှာလည်းဖြစ်ပါတယ်။ Credit: ShweMom



Follow us on