1. Home
  2. International News

2NE1 အဖွဲ့က နုတ်ထွက်ခဲ့တဲ့ မင်ဇီပရိတ်သတ်တွေကို တောင်းပန်စာရေးသားခဲ့

International News พ.ค. 06, 2559 view 1,512

 2NE1 အဖွဲ့မှ နုတ်ထွက် လိုက်ပြီးနောက် မင်ဇီက အင်စတာဂရမ်ပေါ်တွင် ပရိသတ်များအတွက် ရှည်လျားသော တောင်းပန်စာတစ်စောင်ရေးသားခဲ့ပြီး 2NE1 အဖွဲ့မှ ထွက်ခွာရန် ရွေးချယ်မှုအပေါ် စိတ်ပျက်ခဲ့သော ပရိသတ်များအား တောင်းပန်စကားပြောကြားသည်။

2NE1 အဖွဲ့နှင့်ရရှိခဲ့သောအတွေ့အကြုံမှ မည်မျှသင်ယူလေ့လာခဲ့ကြောင်း မင်ဇီက ဦးစွာပြောကြားပြီးနောက် ၎င်း၏ ဆုံး ဖြတ်ချက်ကြောင့်ထိခိုက်နာကျင်ခဲ့သော ပရိသတ်များအား တောင်းပန်ထားသည်။ ယခုအချိန်မှစ၍ မင်ဇီကောင်အဖြစ် မြှင့်တင်သွားမည့် ဆန္ဒကိုလည်း  ပရိသတ်များထံ စကားပါးထားသည်။ ၎င်းအား ချစ်ခင်၊ ပူပန်မှုပြသခဲ့သော မိသားစုနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး စာကို အဆုံးသတ်ထားသည်။

 



Follow us on