1. Home
  2. International News

ဖခင်နဲ့ မင်္ဂလာဆောင်ခဲ့တဲ့ ကင်ဆာရောဂါသည် Poppy-Mai ကွယ်လွန်

International News พ.ค. 07, 2559 view 1,483

ဖခင်ဖြစ်သူနဲ့ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ တစ်နှစ်အရွယ် မိန်းကလေးငယ်ဟာ ကင်ဆာရောဂါကြောင့် မေလ ၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဦးနှောက်မှာ အကြိတ်တည်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာ ဆရာဝန်တွေက နောက်ထပ်နှစ်ရက်ပဲ အသက်ရှင်တော့မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ Mai မိဘတွေက သူတို့သမီးကို ခံရခက်တဲ့ ဓာတ်ရောင်ခြည်ကုထုံးတွေနဲ့ ထပ်မကုဖို့ ဆုံးဖြတ်ပြီး အိမ်ပြန်ခေါ်သွားခဲ့ပါတယ်။

ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ လန်းလန်းဆန်းဆန်း ပြန်ဖြစ်ပြီး ရယ်မောဆော့ကစားခဲ့တဲ့ Mai ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက မကြာခဏ အိပ်ခဲ့ပြီး သူ့မိဘတွေက သူတို့ရဲ့ ချစ်သမီး အသက်ဆက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာ သဘောပေါက်ခဲ့ပါတယ်။

မေလ ၃ ရက်နေ့မှာတော့ ဖခင်က ချီထားပြီး မိခင်က ဆံပင်တွေကို သပ်ပေးနေတုန်း Mai လေး ကွယ်လွန်သွားခဲ့တာပါ။ သူ့မိဘတွေက သူ့သမီး သေဆုံးရတာ အချည်းနှီးမဖြစ်အောင် Mai ဝေဒနာခံစားရတဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေ ပိုမိုရရှိအောင် ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

Credit:Yayarlay



Follow us on