1. Home
  2. International News

ပီရူးနိုင်ငံက သရုပ်ဆောင်မင်းသား တစ်ဖြစ်လဲ

International News พ.ค. 12, 2559 view 1,598

သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူ ရစ်ချက်တောရက်စ်ဟာ သစ်တောတွေ ပြုန်းတီးလို့ ဘေးထွက်ဆိုးကျိုး ခံစားနေရတာတွေကို လူတွေ သတိထားမိစေလိုတဲ့အတွက် နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ သစ်ပင်တစ်ပင်နဲ့ လက်ထပ်ခဲ့ပါတယ်။ ရစ်ချက်တောရက်စ်ဟာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မက္ကဆီကိုနိုင်ငံ အိုဆာကာ ပြည်နယ် ဆန်တာမာရီယာဒဲလ်တူလီမြို့မှာ ကျင်းပခဲ့တဲ့ ထုံးတမ်းစဉ်လာ အင်ကာယဉ်ကျေးမှုအခမ်းအနားမှာ နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ Arbol del Tule (အမြဲစိမ်းပြီး လုံးဝသစ်ရွက်မကြွေတဲ့ ထင်းရှုးပင်မျိုးစိတ်တစ်မျိုး) အပင်နဲ့ လက်ထပ်ခဲ့တာပါ။

သစ်ပင်နဲ့ လက်ထပ်ပွဲမှာ ရစ်ချက်တောရက်စ်က အမြင့်ပေ ၁၄၀ ရှိပြီး ကမ္ဘာပေါ်မှာ ပင်စည်လုံးပတ် အကြီးဆုံးသစ်ပင်အဖြစ် စံချိန်တင်ထားတဲ့ Arbol del Tule အပင်ကို အနမ်းပေးခဲ့ပြီး ''သစ်ပင်တွေ ခုတ်တဲ့ လက်ကို ရပ်တန့်ကြပါ။ အဲဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျွန်တော် ရှုတ်ချပါတယ်။ ဖျက်လိုဖျက်စီးလုပ်ရပ်ကို တားမြစ်ပေးဖို့ မက္ကဆီကို သမ္မတထံ တောင်းဆိုထားပါတယ်''လို့ ပြောခဲ့ပါတယ်။

ဟောလီးဝုဒ်သရုပ်ဆောင် မင်းသား ဂျော်နီဒက်ဖ်နဲ့ ရုပ်တူလို့ ပီရူးနိုင်ငံရဲ့ ဂျော်နီဒက်ဖ်လို့ ချစ်စနိုးခေါ်ကြတဲ့ ရစ်ချက်တောရက်စ်ဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့မှာ သစ်ပင်နဲ့ ပထမအကြိမ်လက်ထပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမြို့ အမျိုးသားပန်းခြံမှာ သစ်ပင်နဲ့ ဒုတိယအကြိမ်လက်ထပ်ခဲ့ပါတယ်။ သူဟာ ပီရူးနိုင်ငံ ဥယျာဉ်က သစ်ပင်တွေ ခုတ်ထွင်ဖယ်ရှားမှုတာနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့အနေနဲ့ ၀တ်လစ်စလစ် ဆန္ဒပြခဲ့လို့ ထိန်းသိမ်းခံရဖူးပါတယ်။

Credit ; yoyarlay.com



Follow us on