1. Home
  2. International News

တင်ပါး လှလွန်းလို့ အင်စတာဂရမ်မှာ နာမည်ကြီးလာတဲ့ ကြံ့ခိုင်ရေးမှူး

International News พ.ค. 16, 2559 view 1,602

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ နေထိုင်သူ ကြံ့ခိုင်ရေးဆရာမတစ်ဦးဟာ အလွန်ကျော့ရှင်းပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် လူမှုကွန်ယက် အင်စတာဂရမ်မှာ နာမည်ကြီးသူဖြစ်ပါတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ Follower ခုနှစ်သိန်းကျော်ရှိပါတယ်။ အထူးသဖြင့် သူမရဲ့ တင်ပါးအလှဟာ ပရိသတ်တွေကြားမှာ အလွန်နာမည်ကျော်ပါတယ်။

မိခင်က ကြံ့ခိုင်ရေးဆရာမတစ်ဦးဖြစ်တာကြောင့် ဘရစ်တနီလို့ခေါ်တဲ့ သူမလည်း မိခင်ကို အားကျရင်း အလိုလို ကြံ့ခိုင်ရေး ဆရာမတစ်ဦး ဖြစ်လာရပါတယ်။ လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် တစ်ပတ်မှာ သုံးရက်ပဲ သူမလေ့ကျင့်ခန်း လုပ်တာပါ။ ဒါပေမယ့် သူမရဲ့ အောက်ပိုင်းလေ့ကျင့်ခန်းပြုလုပ်ပုံဟာ ပြင်းထန်လှပါတယ်။ ပေါင်နှစ်ချောင်းနဲ့ ပေါင် ၃၀၀ လောက် အလေးချိန်ကို မတင်နိုင်သူလည်း ဖြစ်ပါတယ်။ ပရိသတ်အချို့ကတော့ သူမဟာ ခွဲစိပ်မှု ပြုလုပ်ထားလို့ ဒီလောက်လှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလို့ ပြောကြပါတယ်။

ဘရစ္စတနီကတော့ ခန္ဓာကိုယ် အချိုးအစားရဲ့ နောက်ကွယ်မှာ အဓိကျတာက မျိုးရိုးသာဖြစ်တယ်လို့ ခံယူထားသူပါ။ အင်စတာဂရမ်မှာ လေ့ကျင့်ခန်း လုပ်နေတဲ့ ဆက်ဆီပုံတွေ အမြဲတင်တဲ့ သူမက ကြံ့ခိုင်ရေးမှူးအဖြစ် အလုပ်လုပ်ကိုင်ပြီး ဝင်ငွေဖြောင့်နေသူ ဖြစ်ပါတယ်။

Credit : duwun.com.mm



Follow us on