1. Home
  2. International News

လေ့ကျင့်ရေးသုံး ဖောက်ခွဲရေးပစ္စည်းဖြစ်နေတဲ့ မန်ယူကွင်းက အကြမ်းဖက်ကိစ္စ

International News พ.ค. 17, 2559 view 1,487

တနင်္ဂနွေနေ့ ညပိုင်းက မန်ယူနဲ့ ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် မစတင်မီ ဗုံးလို့ယူဆရတဲ့ မင်္သကာဖွယ် အထုပ်တစ်ထုပ် တွေ့ရှိခဲ့မှုကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ တနင်္ဂနေနေ့က တွေ့ရှိခဲ့ရတဲ့ မင်္သကာဖွယ်ရာ ပစ္စည်းဟာ လေ့ကျင့်ရေးသုံး ဖောက်ခွဲရေး ပစ္စည်းတစ်ခုသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့ (မေလ ၁၅ ရက်) ညပိုင်းက မန်ယူနဲ့ ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် မစတင်မီ ဗုံးလို့ယူဆရတဲ့ မင်္သကာဖွယ် အထုပ်တစ်ထုပ် တွေ့ရှိခဲ့မှုကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။

ဘောလုံးပွဲ လာရောက်ကြည့်ရှုသူတွေကို ကွင်းအတွင်းမှ ရှင်းလင်းထွက်ခွာစေခဲ့ပြီး ဗုံးရှင်းလင်းရေးအဖွဲ့က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ကာ အဆိုပါ လေ့ကျင့်ရေးသုံး ဖောက်ခွဲရေးပစ္စည်းကို ထိန်းချုပ်ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ပစ္စည်းမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဗုဒ္ဓဟူးနေ့ (မေလ ၁၁ ရက်) မှာ ပြုလုပ်ခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းရှာဖွေမှု လေ့ကျင့်ရေး အစီအစဉ်အတွင်း မတော်တဆ ကျန်ရစ်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကုမ္ပဏီက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဖောက်ခွဲရေးပစ္စည်း ရှာဖွေတဲ့ ခွေးများလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အိုထရက်ဖို့ဒ်ကွင်းရဲ့ အိမ်သာအတွင်း တွေ့ရှိခဲ့ရတဲ့ အဆိုပါ လေ့ကျင့်ရေးသုံး ဖောက်ခွဲရေးပစ္စည်းဟာ ဖောက်ခွဲရေးပစ္စည်းအစစ်နဲ့ တစ်ထပ်တည်း တူညီအောင် ပြုလုပ်ထားတာလို့ ဆိုပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး လက်ခံနိုင်စရာ မရှိကြောင်းနဲ့ အခုလို ဖြစ်ရတဲ့ အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းစစ်ဆေးရန် မန်ချက်စတာမြို့တော်ဝန်နဲ့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားလိုက်ပါတယ်။

လူအများအပြား အထိတ်တလန့် ဖြစ်ခဲ့ရသလို ရဲတပ်ဖွဲ့နဲ့ ဗုံးရှင်းလင်းရေး တပ်ဖွဲ့ဝင် အများအပြားလည်း အချိန်ကုန် အလုပ်ရှုပ်ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားပါတယ်။

ဖျက်သိမ်းလိုက်ရတဲ့ မန်ယူနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပွဲစဉ်ကို ဗုဒ္ဓဟူးနေ့ (မေလ ၁၈ ရက်) မြန်မာစံတော်ချိန် နံနက် ၁း၃၀ မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။

 



Follow us on