1. Home
  2. International News

လူငယ်ကောင်လေးကို အဓမ္မပြုကျင့်ပြီး လူလေးဦးကို သတ်ဖြတ်ခဲ့တဲ့ ဘောလုံးနည်းပြ

International News พ.ค. 17, 2559 view 1,847

ဆွစ်ဇာလန်မှာ နေထိုင်ပြီး လူငယ်ဘောလုံးနည်းပြတစ်ဦးဟာ လူသတ်မှု၊ မုဒိမ်းမှုတွေနဲ့အတူ စွဲချက်တင်ပြီး ဖမ်းဆီးခံလိုက်ရပါတယ်။ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးတဲ့ ဘောလုံးနည်းပြဟာ လူလေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွဲချက်တင်ခံနေရတာပါ။

ဇူးရစ်ခ်ျမြို့ကနေ ၁၉ မိုင်ကွာဝေးတဲ့ ရက်ပါဆွီးမြို့ငယ်လေးမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ သောမတ်စ်လို့ အမည်ရတဲ့ အဆိုပါဘောလုံးနည်းပြဟာ အမျိုးသမီးတစ်ဦးနဲ့အတူ သူမရဲ့ ဆယ်ကျော်သက်သားနှစ်ဦး အပါအဝင်၊ သားဖြစ်သူရဲ့ ချစ်သူတို့ကိုပါ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ အဆိုပါ ဘောလုံးနည်းပြ အလုပ်လုပ်ကိုင်တဲ့ ဆာမန်စတော့ဖ်ဘောလုံးအသင်းရဲ့ ထုတ်ပြန်ကြေငြာချက်ထဲမှာတော့ ဒီဖြစ်ရပ်အတွက် တစ်သင်းလုံး အံ့အားသင့်ခဲ့ကြရပြီး နည်းပြသောမတ်စ်အနေနဲ့ ဒီဖြစ်ရပ်မှာ ပါဝင်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

နည်းပြ သောမတ်စ်ဟာ လူငယ်လေးနှစ်ဦးကို မသတ်ဖြတ်ခင်မှာ တစ်ဦးကို အဓ္ဓမကျင့်ခဲ့ကြောင်း သိရပါတယ်။ 

 



Follow us on