1. Home
  2. International News

ဖခင်နှင့် ဦးလေးမှ သမီးငယ်ကို ဓားနဲ့ထိုးသတ်တာကို ဝင်ရောက်ကယ်ဆယ်တဲ့ နွား ( Video )

International News พ.ค. 18, 2559 view 1,643
အမျိုးသမီးငယ်တစ်ဦးကို ဓားနဲ့ထိုးသတ်နေတဲ့ အမျိုးသားနှစ်ဦးကို အနီးမှာရှိတဲ့ နွားတစ်ကောင်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ် အိန္ဒိယမှာ ဖြစ်ပွားခဲ့ပါတယ်။ 
 
၂၆ စက္ကန့်သာ ကြာမြင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ အဆိုပါနွားရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီးငယ်ကို ရန်ပြခဲ့တဲ့ အမျိုးသားနှစ်ဦးလည်း ထွက်ပြေးသွားပါတယ်။
 
ဓားဒဏ်ရာနဲ့ သေဆုံးသွားတဲ့ အမျိုးသမီးငယ်ရဲ့ လုပ်ရပ်တစ်စုံတစ်ခုဟာ မိသားစုကို အရှက်ရစေတယ်လို့ သူမရဲ့ဆွေမျိုးအချို့က ယုံကြည်တာကြောင့် ဒီလို ဓားနဲ့ထိုးပြီး သတ်ခဲ့တာဖြစ်နိုင်ကြောင်း သတင်းတွေက ရေးသားကြပါတယ်။ မိသားစုနဲ့ ထုံးတမ်းအစဉ်အလာက တားမြစ်ထားတဲ့ ကိစ္စတစ်ခုခုကို အမျိုးသမီးတွေ ကျူးလွန်မိရင် အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ဆွေမျိုးတွေက ဒီလို အပြစ်ပေးလေ့ရှိပါတယ်။
 
အမျိုသမီးငယ်ကို ဓားနဲ့ထိုးခဲ့တဲ့ လူနှစ်ဦးကို ဘေးကလူတွေ ဝင်ဆွဲကြတုန်းမှာ နွားတစ်ကောင်ကလည်း ရောက်လာပြီး ဦးချိုနဲ့ ဝှေ့ခဲ့တာ ဖြစ်ပါတယ်။ နွားကြီးရဲ့ ကြိုးစားမှုကြောင့် လူနှစ်ဦး ထွက်ပြေးသွားပေမယ့် အမျိုးသမီးငယ်ကတော့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
 
 


Follow us on