မေလ ၁၆ ရက်နေ့က Fakamalo Kihe Eiki အမည်ရှိ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးရဲ့ အကောင့်မှာ တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုတစ်ခု တက်လာပါတယ်။ သူ့ရဲ့ဇနီးသည် မီးဖွားနေတာကို သူက ဗီဒီယိုရိုက်ပြီး တိုက်ရိုက်လွှင့်ပေးခဲ့တာပါ။
သူ့ရဲ့ဇနီးသည်ဟာ ဆေးရုံက ကုတင်တစ်ခုပေါ်မှာ လှဲနေပြီး ဆေးရုံကသူနာပြုအချို့ကိုလည်း တွေ့ရပါတယ်။ သူနာပြုတွေနဲ့ အကူအညီနဲ့ ကလေးကို သဘာဝအတိုင်း မွေးဖွားနေပုံကို Eiki က ဗီဒီယိုရိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ သူ့ရဲ့ဇနီးဟာ ၁၀ စက္ကန့်လျှင် တစ်ကြိမ်နှုန်းလောက် ကလေးကိုညှစ်ထုတ်တာ တွေ့ရပါတယ်။ ၄၅ မိနစ်ခန့်အကြာမှာတော့ ကလေးကို အောင်အောင်မြင်မြင် မီးဖွားနိုင်ခဲ့ပါတယ်။
Credit to Duwun