1. Home
  2. International News

တနေ့ ၆ နာရီ အလုပ်လုပ်ခြင်းက ကုန်ထုတ်စွမ်းအားကို ပိုပြီး မြှင့်တက်စေတယ်ဆိုတဲ့ ဆွီဒင်

International News พ.ค. 18, 2559 view 1,587
မနက် ၉ နာရီမှ ညနေ ၅ နာရီထိ အလုပ်လုပ်နေရသူ အများစုဟာ တစ်နေ့အလုပ်ချိန် ၈ နာရီ လုပ်နေရတာကို သဘောကျ အားပေးထောက်ခံကြသူတွေ မဟုတ်ပေမယ့် ဒါ ရုံးလုပ်ငန်းတွေအတွက် သတ်မှတ်ချက်တစ်ခု ဖြစ်နေတာကြောင့် ဘာမှအထူးတလည် ပြောဆိုလို့ မရပါဘူး။
 
ခုချိန်မှာတော့ ဆွီဒင်နိုင်ငံက အလုပ်ရှင်တွေဟာ မတူညီကွဲပြားတဲ့အရာတစ်ခုကို စမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အလုပ်သမားတွေရဲ့ ကုန်ထုတ်စွမ်းအားမြင့်တင်ဖို့ ကြိုးစားတဲ့အနဲ့ တစ်နေ့ ၆ နာရီအလုပ်လုပ်ချိန် စတင်ပြဌာန်းသတ်မှတ်ခဲ့ပြီး ဒီနည်းဗျူ ထိရောက်ကြောင်း လက်တွေ့ပြသခဲ့ပါတယ်။
 
အငြိမ်းစားဂေဟာတစ်ခုမှာ လုပ်ကိုင်နေတဲ့ သူနာပြုတွေဟာ သမားရိုးကျ တစ်နေ့ ၈ နာရီကြာ အလုပ်လုပ်ကိုင်သူတွေထက် ပိုမိုပျော်ရွှင်၊ အကျိုးဖြစ်ထွန်းမှု ပိုများပြီး လုပ်ငန်းခွင်နဲ့ အိမ်မှာ ပိုအားစိုက်လုပ်ကိုင်နိုင်တယ်လို့ အစိုးရထောက်ပံ့ထားတဲ့ လေ့လာမှုတစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
 
အလုပ်ချိန် ပိုမိုတိုတောင်းတာ အလုပ်သမားတွေရဲ့ ကုန်ထုတ်စွမ်းအားကို ပိုကောင်းစေနိုင်ပါတယ်။ နေ့ရက်အချိန်တွေ ပိုမိုတိုတောင်းခြင်းကြောင့် သူနာပြုတွေ အဘက်ဘက်မှ ကျန်းမာရေး ပိုကောင်းကြပြီး အလုပ်မှာ အာရုံစိုက်ဖို့ အားအင်နဲ့ စိတ်ပါဝင်စားမှု ပိုရကြပါတယ်။ အလုပ်ချိန်များပြားခြင်းက ကုန်ထုတ်အား ထိခိုက်စေပြီး အမှားတွေ ပိုလို့တောင် ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။
 
၆ နာရီအလုပ်ချိန်က ကျန်းမာရေးအတွက်သာမက အသက်မွေးမှုလုပ်ငန်းအတွက်ပါ လိုအပ်တဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 
 
Credit : Trend Myanmar


Follow us on