
ကမ္ဘာ့ကြောက်စရာ အကောင်းဆုံးလမ်းတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ တိန့်အန်မင်တောင်တက်လမ်းဟာ တရုတ်နိုင်ငံ ဟူနန်ခရိုင်မှာ တည်ရှိပါတယ်။ ၁၁ ကီလိုမီတာ ရှည်လျားတဲ့ တောင်တက်လမ်းမှာ တောင်ထိပ်ကိုရောက်ဖို့ အကွေ့အကောက်ပေါင်း ၉၉ ခုကို ဖြတ်သန်းရပြီး တောင်တက်လမ်းကသွားရင် အမြင့် ၄၃၁ ပေမှာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ လိုဏ်ဂူကို ရောက်ရှိမှာဖြစ်ပါတယ်။
တိန့်အန်မင်တောင်ပေါ်ကို ရောက်ဖို့ ကေဘယ်ကားကိုလည်း စီးနိုင်ပါတယ်။ ဇန်ကျားကျီဘူတာရုံကနေ တောင်ပေါ်အထိ ကေဘယ်ကားပြေးဆွဲရာမှာ စုစုပေါင်းအလျား ၇၄၅၅ မီတာ ရှည်လျားပြီး အပေါ်ကို တက်သွားရတဲ့ အကွာအဝေးကတော့ ၁၂၇၉ မီတာ ရှိပါတယ်။
အမတ်စောက်ဆုံးအပိုင်းမှာ ၃၇ ဒီဂရီအထိ ရှိပါတယ်။ တိန့်အန်မင် တောင်စွယ်တွေမှာ ကမ္ဘာလှည့်ခရီးသွားတွေ လမ်းလျှောက်နိုင်ဖို့ စင်္ကြံလမ်းတွေ လုပ်ထားပြီး ဖန်သားစင်္ကြံလမ်းကတော့ သည်းထိတ်ရင်ဖို ဖြစ်စေပါလိမ့်မယ်။ တောင်ထိပ်မှာ ဘုရားကျောင်းကြီးတစ်ကျောင်းရှိပြီး အဲဒီဘုရားကျောင်းကို မူလတည်ဆောက်ခဲ့တာ တန်မင်းဆက်လက်ထက်ကလို့ သိရပါတယ်။
.jpg)



Credit : Yoyarlay
comment