1. Home
  2. International News

နေ့စဉ်ဝင်ငွေ ဒေါ်လာ ၄.၄ သန်းရှိတဲ့ မက်ဇူကာဘတ်

International News พ.ค. 18, 2559 view 1,611
ဖ့စ်ဘွတ်တည်ထောင်သူ ဇူကာဘတ်ဟာ ကမ္ဘာ့ဘီလျံနာစာရင်းဝင်သူ တစ်ဦးဖြစ်ပြီး ၎င်းရဲ့ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၅၁.၈ ဘီလီယံရှိကြောင်း ခန့်မှန်းထားပါတယ်။ အမေရိကန် သတင်းဌာန CNBC က တွက်ချက်မှုများအရ မာ့ခ်ဇူကာဘတ်ရဲ့ တစ်နေ့တာ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄.၄ သန်းအထိ ရှိနေကြောင်း သိရှိရပါတယ်။
 
အဆိုပါ တစ်နေ့တာဝင်ငွေပမာဏဟာ Forbes မဂ္ဂဇင်းက ပြုစုထားတဲ့ ဘီလျံနာစာရင်းဝင်သူ အားလုံးထက် ပိုမိုသာလွန်နေတာလည်း ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ရဲ့ စတော့ရှယ်ယာဈေးနှုန်းများ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားမှုကြောင့်လည်း ဇူကာဘတ်ရဲ့ ဝင်ငွေက အားလုံးထက် သာလွန်သွားခဲ့တာလို့ ဆိုပါတယ်။
 
ဇူကာဘတ်ကဲ့သို့ နေ့စဉ်ဝင်ငွေ ဒေါ်လာသန်းချီ ရနေကြတဲ့ ဘီလျံနာများအနက် Google မှ ဆာဂျီဘရန်နဲ့ လာရီပေ့ခ်ျတို့က ဒေါ်လာ ၂.၃ သန်း၊ အမန်စီရို အော်တီဂိုက ဒေါ်လာ ၂.၄ သန်း၊ စီးပွားရေး ရင်းနှီးမြှုပ်နှံသူ ဝါရင်းဘတ်ဖတ်က ဒေါ်လာ ၂.၂ သန်း နေ့စဉ်ဝင်ငွေ အသီးသီရရှိနေတယ်လို့ ဆိုပါတယ်။
 
 
Credit : Duwun .
 
 


Follow us on