1. Home
  2. International News

ငါးရဲ့လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ အစားထိုးနေရာယူနေတဲ့အကောင်

International News พ.ค. 18, 2559 view 1,845

Cymothoa exigua တွေက ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်တွယ် နေပြီးနောက်မှာ လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ သူတို့က အစားထိုး ၀င်နေလိုက် ပါတယ် ။

ဒါက တကယ်.အဖြစ်အပျက်ပါ ။

အဲ့ဒီ Cymothoa exigua တွေဟာ ငါးရဲ. ပါးစပ်တွေထဲကို ၀င်နေပြီး ပထမ အဲ့ဒီငါးရဲ. လျှာတွေကို စားလိုက်ပါတယ် ။နောက်တော. လျှာနေရာမှာ ၀င်တွယ်ကပ်ပြီး အရင်လျှာလိုပဲအစာတွေ ၀ါးတဲ့အခါမှာ အာခေါင်ထိပ်က သွားသေးသေးလေးတွေနဲ. အတူ အကူအညီပေးပါတယ် ။


သူတို.တွေဟာ အခြားငါးတွေကိုလည်း အလားတူ တိုက်ခိုက်ပေမယ်. ဒီနှင်းဆိရောင် Snapper ငါးမျိုးထံမှာပဲ အစိတ်အပိုင်း တစ်ခုအဖြစ် နေထိုင်နိုင်တာလို. Arizona တက္ကသိုလ်က Marine Biologist ဖြစ်တဲ့ Rick Brusca က ဆိုပါတယ် ။ တစ်ခြား လျှာစား Isopod တွေ ရှိပေမယ်.လည်း ဒီ Cymothoa exigua တွေကသာ အဲ့ဒီလို လုပ်နိုင်တာပါတဲ့ ။

သူတို.မှာနောက်ထပ် စိတ်ဝင်စားဖို.ကောင်းတဲ့ အချက် တစ်ခုရှိနေပြီး တစ်သက်မှာ ၂ဘ၀ နေနိုင်သူတွေလို.ပြောရပါမယ် ။ သူတို.ဟာ အထီးအဖြစ် မွေးဖွားလာကြပြီး ငါး ပါးဟက်ထဲ ရောက်ပြီဆိုတော.မှ ပထမ ၀င်ရောက်တဲ့ အကောင်ဟာ အမအဖြစ် ပြောင်းသွားရပါတယ် ။ ပါးဟပ်ကနေ တစ်ဆင်. လည်ချောင်းထဲကို ၀င်သွားပြီး လျှာမှာ တွယ်ကပ်ကာ အမအဖြစ် ရောက်ရှိပါတယ် ။ သူ.မှာရှိတဲ့ခြေ အစုံတွေ အများကြီးနဲ. တွယ်ကပ်နေပြီး တစ်ခုခြင်းစီမှာ ကင်းမြီးကောက် အဆိပ် ဆူးနဲ.တူတဲ့ အာရုံကြောမကြီးတွေ ရှိပြီး နောက်ထပ်ဝင်လာတဲ့ အကောင်နဲ. မိတ်လိုက်ပြီးချိန်မှာတော. သူ.ဘ၀ကုန်ဆုံးချိန်ထိ အဲ့ဒီ Snapper နဲ.အတူ ပဲ နေထိုင်ပါတော.တယ် ။


အကောင်းကြီးလာချိန်မှာ သူမဟာ လျှာကနေသွေးစုပ်ယူရင်း လျှာဟာ ကြွက်သားငုတ်လေးပဲ ကျန်တော.တဲ့အထိ စုပ်ယူစားသောက် ပါတယ် ။ အဲ့ဒီလို
ကြွက်သားငုတ်လေး ကိုခြေသုံး လေးစုံနဲ. ကုပ်ယူပြီး လျှာအဖြစ် အသွင်ယူ နေထိုင်ပါတော.တယ် ။


ဒိနေရာမှာ ရှိနေတဲ့ အယူအဆတွေက တော. သူမဟာ Rose Snapper တွေရဲ.လျှာ ကုန်သွားချိန်အထိ နေပြီး တစ်ချိန်မှာတော. ထွက်ခွာသွားတာကြောင်. လျှာမရှိတဲ့ ငါးရဲ. ဘ၀ဟာ ဘယ်လိုမှ ဇာတ်သိမ်းလှနိုင်မယ် မဟုတ်ပါဘူး ။နောက်တစ်မျိုးကတော. လျှာအဖြစ် အသွင်ယူနေထိုင်ရင်း ကလေးငယ်များအရွယ်ရောက်ချိန်ထိ အိမ်ရှင်ငါးကို အသက်ဆက်ရှင်စေတယ်လို.လည်း ဆိုပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော. Snapper တွေခမျာ သက်တမ်းမစေ.ခင်မှာပဲ ပါးစပ်ဟောင်းလောင်းနဲ.သေရရှာပါတယ် ။



Follow us on