1. Home
  2. International News

မန်ချက်စတာယူနိုက်တက်အသင်း နည်းပြသစ်အဖြစ်ဂျိုဆေမော်ရင်ညိုကိုခန့်အပ်

International News พ.ค. 23, 2559 view 1,606

ပူပူနွေးနွေးFA Cup ချန်ပီယံ မန်ချက်စတာယူနိုက်အသင်းဟာ ချယ်လ်နည်းပြဟောင်း ဂျိုဆေမော်ရင်ညိုကိုနည်းပြသစ်အဖြစ်ခန့်အပ်တော့မယ်လို့သိရပါ တယ်။ ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရခဲ့တဲ့ ဖိုင်နယ်ပွဲအပြီးမှာဘဲ မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြလူဝစ်ဗန်ဟားစ်ရဲ့ နေရာမှာမော်ရင်ညိုနဲ့ အစားထိုးမယ်လို့ဆို ဘီဘီစီ အားကစားသတင်းငှာနက အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အသက် ၅၃နှစ်အရွယ်ရှိတဲ့ မော်ရင်ညိုဟာ FA Cupဖိုင်နယ်ပွဲမတိုင်မီကတည်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အကြိုသဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။ ဒါဟာ လက်ရှိနည်းပြ ဗန်ဟားစ်ရဲ့ FA Cup ပွဲအပြီး မီဒီယာတွေနဲ့ဆုံတွေ့တဲ့ပွဲမတိုင်မီမှာကို မော်ရင်ညိုကိုနည်းပြသစ်အဖြစ်ခန့်အပ် လိုက်တဲ့အသင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဗန်ဟားစ်ဟာ မန်ချက်စတာယူနိုက်တက်အ သင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးပေမယ့်လည်း နှစ်ရာသီအတွင်းမှာ ကစားသမားပေါင်းများစွာကို ပေါင်သန်း ၂၅၀ကျော်အသုံးပြုခဲ့ပြီးနောက် ဒီရာသီမှာချန်ပီယံ လိဂ်ဝင်ခွင့်လွဲချော်ခဲ့လို့ အခုလိုအထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်ဟာ တရုတ်နိုင်ငံကနေ အင်္ဂလန်ကိုလာရောက်မှာဖြစ်ပြီး လာမယ့် အင်္ဂါနေ့ မှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ အပြီးသတ်စာချုပ်ကိစ္စကိုဆွေးနွေး သွားမှာဖြစ်တယ်လို့သိရပါတယ်။

မော်ရင်ညိုနဲ့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကအကြိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ရာသီအကုန်မှာခန့်အပ်ရန်သဘောတူညီမှုရရှိခဲ့ကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ မော်ရင်ညို ရဲ့သတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်းမရှိသေးမယ့် ဗြိတိန်မီဒီယာတွေအားလုံး ကတော့ဖော်ပြနေကြတာကြောင့် FA Cup ချန်ပီယံ လူဝစ်ဗန်ဟားစ်ရဲ့ အနာဂတ်ဟာလည်း အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။



Follow us on