1. Home
  2. International News

သခင့်နားက မခွာပဲ ပွတ်သပ် ကြည့်ရှုခဲ့တဲ့ မြင်းများ

International News พ.ค. 24, 2559 view 1,536

Roberto Gonzalez လို့အမည်ရတဲ့ အမျိုးသားဟာ ၁၉၇၀ ခုနှစ်တုန်းက ဗီယက်နမ်မှာ တာဝန်ထမ်းဆောင်စဉ် သေနတ်ဖြင့် ပစ်ခတ်ထိမှန် ခံခဲ့ရ ပါတယ်။ ယင်းနောက် ခန္ဓာကိုယ် အစိတ်ပိုင်း အချို့ လှုပ်ရှားလို့မရတော့ပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု သူ့ရဲ့ တက္ကဆီ ဌာနေကို ပြန်တဲ့အခါ လိုင်စင်ရ မြင်း လေ့ကျင့်ရေးသမားအဖြင့် အလုပ်ရခဲ့ ပါတယ်။ သူဟာ မြင်းများကို လေ့ကျင့်သင်ကြားပေးတဲ့ အလုပ်ကို နှစ် ၃၀ ကျော် လုပ်ကိုင်ခဲ့ပါတယ်။ ယင်းသို့ လုပ်ကိုင်ပြီးနောက် အသက်အရွယ်ရကြောင့်လည်းဖြစ် ကျန်းမာရေးကြောင့်လည်းဖြစ်ပြီး သေဆုံးရန် အချိန်နီးစပ်ခဲ့ပါတယ်။ သူ့အနေနဲ့ သေဆုံးခါနီးမှာ ဘာအဖြစ်ချင်ဆုံးလဲလို့ သူ့ဇနီးဖြစ်သူနဲ့ မိသားစုက မေးပါတယ်။

သူ့ရဲ့ အချစ်ဆုံး မြင်းနှစ်ကောင်ကို တွေ့လိုကြောင်း တောင်းဆိုပါတယ်။ ယင်း မြင်းနှစ်ကောင်ကို မိုင် ၁၅၀ ကျော်အဝေးက မြို့ကနေ ဆေးရုံသို့ သယ်ဆောင်လာပေးပါတယ်။ ဆေးရုံရောက်တဲအချိန် မြင်းများဟာ သူတို့ရဲ့ သခင်ဟောင်းကို မြင်တာနဲ့ ခေါင်းဖြင့် သွားရောက် ပွတ်သပခြင်းကို ပြုလုပ်ပါတယ်။ မြင်းမျာဟာ သခင့်အနားကနေ မခွာပဲ ငြိမ်ငြိမ်လေး ရှိနေတာကြောင့် Roberto ရဲ့ ဆန္ဒဟာ ပြည့်ဝခဲ့ ပါတယ်။ Roberto ဟာ မြင်းများကို လေ့ကျင့်သင်ကြားပေးရင်း သူ့ဘဝအတွက် အကောင်းဆုံး အဖော်မွန်များအဖြစ် မိသားစု အပြင် သူ့ရဲ့ မြင်းများလည်း ပါဝင်ခဲ့ ပါတယ်။

Credit : Yoyarlay



Follow us on