1. Home
  2. International News

ကိုယ်လုံးတီးချွတ်ပြီး အိန္ဒိယရဲအရာရှိများနဲ့ ရန်ဖြစ်တဲ့ အမျိုးသမီး

International News พ.ค. 25, 2559 view 1,608

အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်ဒ်ပြည်နယ်၊ အာမက်ဒါဘက်မြို့၊ ရဲစခန်းတခုတွင်းမှာ ရဲအရာရှိတွေနဲ့ ကတောက်ကဆဖြစ်ကာ စိတ်ဆိုးဒေါသထွက်နေတဲ့ ကိုယ်လုံးတီးချွတ် အမျိုးသမီးတဦးရဲ့ ရုပ်သံဖိုင် ထွက်ပေါ်ခဲ့ပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးဟာ အပေါ်ပိုင်း ဘရာဇီယာတခု ၀တ်ဆင်ထားရုံကလွဲပြီး ကိုယ်လုံးတီးချွတ် အနေအထားနဲ့ ရဲအရာရှိကို ဒေါသတကြီး ပြောဆိုနေခဲ့တာကို တွေ့ရပါတယ်။ အမျိုးသမီးဟာ ခုလိုအခြေအနေနဲ့ ဘာကြောင့် ရဲစခန်းတွင်းမှာ ရှိနေခဲ့ရပြီး ပြဿနာဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

နောက်ပိုင်း သတင်းထုတ်ပြန်ချက်တွေအရ ရဲအရာရှိတဦးက အဲဒီအမျိုးသမီးကို ဘောင်းဘီတိုတထည် ၀ယ်ပေးခဲ့ပြီး ပြန်ဝတ်ထားဖို့ တောင်းဆိုခဲ့ရတယ်လို့ သည်မန်းဂိုးစ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် အမျိုးသမီးဟာ အ၀တ်အစားတွေ လဲလှယ်ပြီး နောက်ပိုင်းမှာလည်း ရဲအရာရှိတွေနဲ့ ဆက်ပြီး စကားများနေခဲ့တယ်လို့ ဆိုပါတယ်။

Credit: DVB News 



Follow us on