1. Home
  2. International News

ဆယ်ကျော်သက်ကောင်လေးရဲ့ အစာအိမ်ထဲမှာ ၁၅ နှစ်ကြာရှိနေခဲ့တဲ့ အမွှာ သန္ဓေသား

International News พ.ค. 26, 2559 view 1,529
မလေးရှားနိုင်ငံမှ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးရဲ့ အစာအိမ်အတွင်း တွယ်ကပ်တည်ရှိနေတဲ့ ၎င်းရဲ့ အမြွှာသန္ဓေသားကို ခွဲစိတ်ဖယ်ထုတ်ခဲ့ရကြောင်း မလေးရှားအစိုးရ သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါ ယောက်ျားလေးဟာ အသက် ၁၅ နှစ် သက်တမ်း တစ်လျှောက်လုံး အစာအိမ်အတွင်း ၎င်းနဲ့အမြွှာတော်စပ်တဲ့ သန္ဓေသားနဲ့အတူ ရှင်သန်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
 
နောက်ပိုင်းမှာတော့ ဝမ်းဗိုက်နာကျင်မှု ခံစားလာရပြီးနောက် ဆေးရုံကိုသွားရောက်ခဲ့ရမှ အစာအိမ်အတွင်း သန္ဓေသားရှိနေကြောင်း သိခဲ့ရပြီး ခွဲစိတ်ဖယ်ထုတ်ခဲ့ရပါတယ်။ အဆိုပါ ယောက်ျားလေးရဲ့ အစာအိမ်အတွင်းမှ ဖယ်ထုတ်လိုက်ရတဲ့ သန္ဓေသားဟာ ကလေးတစ်ဦးအသွင် ပေါ်လွင်နေပြီလို့ မိခင်ဖြစ်သူက ပြောပါတယ်။
 
 
အစာအိမ်အတွင်းမှ ဖယ်ထုတ်လိုက်တဲ့ သန္ဓေသားမှာ ဆံပင်၊ ခြေလက်နဲ့ လိင်အင်္ဂါတို့ ဖွံ့ဖြိုးပေါ်လွင်နေပြီလို့ မလေးရှားသတင်းတွေက ဖော်ပြပါတယ်။ သန္ဓေသားမှာ နှာခေါင်းနဲ့ ပါးစပ်တို့သာ ဖွံ့ဖြိုးပေါ်လွင်ခြင်း မရှိသေးကြောင်း သိရပါတယ်။
 
ဆယ်ကျော်သက် ယောက်ျားလေးကို ခရိုင်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ ဆေးရုံမှတစ်ဆင့် ဆူလ်တန် အဗ္ဗဒူလ် ဟာမစ် ဆေးရုံကို လွှဲပြောင်းပေးခဲ့ကာ ၎င်းရဲ့အစာအိမ်အတွင်းမှ အမြွှာသန္ဓေသားကို ခွဲစိတ်ဖယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘီဘီစီသတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဆေးရုံနဲ့ မလေးရှားအစိုးရ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မှတ်ချက်ပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။
 
Credit : Duwun


Follow us on