1. Home
  2. International News

ယဉ်တိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ DJ သမား Calvin Harris

International News พ.ค. 26, 2559 view 1,580
စကော့တလန်သား EDM ပညာရှင် Calvin Harris ဟာ ပြီးခဲ့တဲ့ သောကြာင်္နေ့ညက မော်တော်ကား မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး စနေနေ့ညမှာ စီစဉ်ထားတဲ့ Alabama ပြည်နယ်ရဲ့  Hangout Music Fest ဖျော်ဖြေပွဲကို ရုတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
 
Calvin Harris ဟာ လတ်စ်ဗီးဂတ်စ် မြို့မှာ ကျင်းပမယ့် ဖျော်ဖြေပွဲတစ်ခုကို ထွက်ခွာဖို့ လေဆိပ်ကိုအသွား လော့အိန်ဂျလိစ်မြို့မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ Calvin Harris ရဲ့  ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က E! News သတင်းဌာန ကို ပြောပြခဲ့ရာမှာတော့ Calvin Harris ဟာ ယာဉ်တိုက်မှုမှာ ဒဏ်ရာ အမြောက်အများ ရရှိခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ဆေးရုံက ဆင်းကာ အနည်းငယ် ပြန်လည် သက်သာလာပြီဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
 
TMZ သတင်းဌာနက ဖော်ပြထားရာမှာတော့ Calvin Harris ဟာ Cadillac အမျိုးအစား SUV ကားပေါ်မှာ စီးနင်းလိုက်ပါလာစဉ် အသက် ၁၆ နှစ်အရွယ် ကောင်လေး တစ်ယောက် မောင်းနှင်လာတဲ့ Volkswagen Beetle ကားတစ်စီးက ၀င်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ထို ယာဉ်တိုက်မှုမှာပါဝင်ထိခိုက်ခဲ့သူတွေဟာ အသက် အန္တရာယ်တော့ ရှိခဲ့တာ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။
 
အသက် ၃၂ နှစ်အရွယ် DJ သမား Calvin Harris ဟာ လက်ရှိမှာ ဆေးရုံက ဆင်းခဲ့ရပေမယ့်လည်း ဆရာဝန်တွေကတော့ ရက်အနည်းငယ် အနားယူဖို့ မှာကြားထားတယ်လို့လည်း သိရပါတယ်။
 
 


Follow us on