1. Home
  2. International News

တရားဝင်လိုအပ်တဲ့ အရေအတွက်ထက် တစ်မဲပိုသွားပြီဖြစ်တဲ့ ဒေါ်နယ်ထရန့်

International News พ.ค. 27, 2559 view 1,473
အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ရန် ရီပတ်ဘလစ်ကင် ပါတီကိုယ်စားပြု သမ္မတလောင်းရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်က လိုအပ်တဲ့ မဲအရေအတွက် အပြည့်အဝ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံးရလဒ်များအရ ထရန့်က ယှဉ်ပြိုင်သူ ၁၆ ဦးကို အနိုင်ရရှိပြီး မဲအရေအတွက် ၁,၂၃၈ မဲ ရရှိခဲ့ကာ တရားဝင် လိုအပ်တဲ့ အရေအတွက်ထက် တစ်မဲပိုသွားခဲ့ပြီလို့ ဆိုပါတယ်။
 
ရီပတ်ဘလစ်ကင်ပါတီရဲ့ ကိုယ်စားပြုသမ္မတလောင်း တရားဝင် တင်မြှောက်တဲ့ အခမ်းအနားကို လာမယ့် ဇူလိုင်လအတွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကင်ပါတီမှ ထရန့်က ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ရန် မဲအရေအတွက် အပြည့်အဝ ရရှိခဲ့ပြီးဖြစ်ပေမဲ့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးကောက်ပွဲမှာ အနိုင်အရှုံးရလဒ် အပြီးသတ် မထွက်ပေါ်လာသေးပါဘူး။
 
ထရန့်ကို ရီပတ်ဘလစ်ကင်က သမ္မတလောင်းအဖြစ် အတည်ပြု ခန့်အပ်ပြီးပါက ၎င်းဟာ ပြိုင်ဘက် ဒီမိုကရက်တစ် ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် သို့မဟုတ် ဆန်ဒါစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ထရန့်နဲ့ ဆန်ဒါစ်တို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်မယ့် ပါတီကိုယ်စားပြု သမ္မတလောင်းရွေးကောက်ပွဲ မတိုင်မီ ဇွန်လ ၇ ရက်မှာ အခြေအတင် ဆွေးနွေးမှု တီဗီအစီအစဉ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Credit : Duwun 


Follow us on