1. Home
  2. International News

မဝယ်ပဲနဲ့ ကြိုက်သလောက် သုံးကြည့်လို့ရတဲ့ အရောင်းဆိုင်

International News พ.ค. 30, 2559 view 1,725
မဝယ်ရင် မကိုင်နဲ့ ဆိုတဲ့ ဆိုင်တွေ ရှိနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံက အိမ်တွင်းသုံးပစ္စည်းကိရိယာ ရောင်းတဲ့ဆိုင်တစ်ဆိုင်ကတော့ မဝယ်ခင်ကြိုက်သလို သုံးဖို့ ခွင့်ပြုလိုက်ပါတယ်။
 
 ကယ်လီဖိုးနီးယားပြည်နယ်က Pirch  လို့ ခေါ်တဲ့ အဆိုပါဆိုင်ဟာ  မီးဖိုနဲ့ ရေပန်းလိုမျိုး အိမ်တွင်းသုံးပစ္စည်းကိရိယာတွေ ရောင်းချတာ ဖြစ်ပါတယ်။ ဝယ်ယူသူတွေဝင်ရောက်ကြည့်ရှု့တဲ့အချိန်မှာ လတ်ဆတ်တဲ့ကော်ဖီနဲ့ စားစရာတွေလည်း ဧည့်ခံတယ်လို့ ဆိုပါတယ်။
 
 
ပစ္စည်းတွေကို စိတ်ကြိုက်သုံးကြည့်ခွင့် ပြုရတဲ့ ရည်ရွယ်ချက်ဟာ ဝယ်သူတွေကို ဆိုင်ထဲမှာ ကြာကြာရှိစေချင်တာကြောင့်လို့ ဆိုပါတယ်။ အခုဆိုရင် ဝယ်သူတစ်ယောက်ကို ပျှမ်းမျှအားဖြင့် ဆိုင်ထဲမှာ ၂ နာရီနဲ့ ၁၁ မိနစ်လောက် နေတယ်လို့  Pirch ရဲ့ စီးအီးအို ဂျက်ဖရီစီးယာ့စ် က ပြောကြားထားပါတယ်။
 
Credit : Duwun 
 


Follow us on