1. Home
  2. International News

သုံးလသားထဲက ရုရှဇနီးမောင်နှံက မွေးထားခဲ့တဲ့ ၀က်ဝံ (စတီဘင်)ကြီး

International News พ.ค. 30, 2559 view 1,642

ယခု အသက် (၂၃)နှစ် ရှိနေပြီဖြစ်ပါတယ်။ သူဟာ တောရိုင်းသတ္တ၀ါနဲ့  မတူဘဲ လူတွေအပြုမူတွေအတိုင်းနေထိုင်တတ်ပါတယ်။ သူ့ ကိုမွေးတဲ့သူတွေကို မိဘ လို့ ထင်နေတယ်လို့  သိရပါတယ်။ သခင်တွေနဲ့အတူ ညစာစားပြီး ပန်းပင်ရေလောင်းတတ်တဲ့ ၀က်ဝံကြီး ရုရှားနိုင်ငံက ဇနီးမောင်နှံနှစ်ဦး မွေးထားတဲ့ ၀က်ဝံကြီးဟာ သူ့သခင်တွေနဲ့အတူတူ ညစာစားလေ့ရှိပြီး သူ့သခင်တွေ တီဗီကြည့်ရင် သူလည်း ဆိုဖာခုံပေါ်မှာထိုင်ပြီး တီဗီကြည့်တယ်လို့ သိရပါတယ်။

စဗတ်လာနာနဲ့ ပန်တီလန်ကိုတို့ ဇနီးမောင်နှံဟာ ခန္ဓာကိုယ်အလေးချိန် ပေါင် ၃၀၀ ရှိပြီး ပတပ်ရပ်ရင် ၇ ပေမြင့်တဲ့ ၀က်ဝံကြီးကို စတီပန်လို့ အမည်ပေးထားပါတယ်။ အဲဒီဇနီးမောင်နှံဟာ စတီပန်ကို သုံးလသားအရွယ်ကတည်းက မွေးခဲ့တာဖြစ်ပြီး စတီပန်က စိတ်သဘောထားသိမ်မွေ့သလို လူတွေကို ချစ်တတ်တဲ့ ၀က်ဝံကြီးလို့ သူတို့က ပြောပါတယ်။ စဗတ်လာနာက ''ညဘက် ကျွန်တော်တို့ တီဗီကြည့်နေတဲ့အချိန်ဆို စတီပန်က ဆိုဖာပေါ်တက်ပြီး ကျွန်တော်တို့ကြား ပွတ်သီးပွတ်သပ်လုပ်ဖို့ထက် ပိုစိတ်ဝင်စားတဲ့အရာ မရှိပါဘူး။ ကျွန်တော်တို့ သူ့ကို စမွေးခဲ့တုန်းက သူ သုံးလအရွယ်ပဲ ရှိသေးတယ်။ တောထဲမှာ မုဆိုးတွေနဲ့ တွေ့လို့ သူ့အမေ သေဆုံးသွားတဲ့အချိန်ပေါ့။

သူ့အခြေအနေကလည်း တော်တော်ဆိုးဆိုးပါပဲ။ လူတွေက စတီပန်ကို ကြောက်စရာလို့ ထင်ကြပေမယ့် သူက လူတွေကို ချစ်တတ်၊ ခင်တတ်ပါတယ်။ လုံးဝရန်မလိုပါဘူး။ ကျွန်တော်တို့ကို သူ တစ်ခါမှ မကိုက်ဖူးပါဘူး''လို့ ပြောပါတယ်။ စတီပန်ဟာ အခုချိန်မှာတော့ (၂၃)နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ပန်းပင်ရေလောင်းတာမျိုး၊ ဘောလုံးကန်တာမျိုး လုပ်တတ်နေပါပြီ။ စတီပန် အနှစ်သက်ဆုံး အစားအစာကတော့ နို့ဆီဖြစ်ပြီး တစ်နေ့ကို ငါးနဲ့ ဟင်းသီးဟင်းရွက် ၂၅ ကီလိုဂရမ်စားတယ်လို့ သိရပါတယ်။

Credit : mayoneyinponepyinmat/



Follow us on