1. Home
  2. International News

ကလေးငယ် အယောက် ၂၀၀ ကျော်ခန့်ကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား

International News มิ.ย. 03, 2559 view 1,539
မလေးရှားနိုင်ငံမှာ ဆင်းရဲတဲ့ကလေးတွေအပေါ် ၈ နှစ်ကျော်ကြာ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုတွေနဲ့ ဗြိတိန်နိုင်ငံသားတဦးကို ထောင်ဒဏ် ၂၂ ချမှတ်လိုက်ပါတယ်။
 
အသက် ၃၀ အရွယ် ရစ်ချက် ဟတ်ကဲလ် (Richard Huckle) ဟာ ဗြိတိန်နိုင်ငံအရှေ့တောင်ပိုင်း ကင့်တ် (Kent) ခရိုင်ကဖြစ်ပြီး လန်ဒန်မြို့တရားရုံးတရုံးက ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က ချမှတ်ခဲ့တာပါ။
 
မလေးရှားနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ၈ နှစ်တာအတွင်း အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြားအရွယ် ကလေး ၂၀၀ လောက်ကို လိင်မတော်မတရားမှုတွေ လုပ်ခဲ့တယ်လို့လည်း ဟတ်ကဲလ်က ၀န်ခံပြောဆိုပါတယ်။
 
မြို့တော် ကွာလာလမ်ပူက ဆင်းရဲတဲ့ကလေး ၂၃ ယောက်အပေါ် လိင်မတော်မတရားပြုကျင့်တဲ့ ၉၁ အမှုနဲ့ စွဲချက်တင်ခံရပါတယ်။
 
ဟတ်ကဲလ်ဟာ အလွတ်တမ်းဓာတ်ပုံဆရာတဦးဖြစ်ပြီး အင်္ဂလိပ်စာဆရာတဦးအဖြစ် ကလေးတွေနဲ့ ရင်းနှီးမှုရယူပြီး မုဒိန်းပြုကျင့်တာတွေ၊ မုဒိန်းပြုကျင့်တဲ့ဓာတ်ပုံတွေနဲ့ ကလေးကိုယ်လုံးတီးဓာတ်ပုံတွေ ထောင်သောင်းချီရိုက်ကူးပြီး အင်တာနက်ပေါ် လွှင့်တင်ခဲ့တာပါ။
 
သူ့ကွန်ပြူတာထဲမှာလည်း အဲ့လိုဓာတ်ပုံမျိုးတွေ ၂ သောင်းကျော် ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဟတ်ကဲလ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ လန်ဒန်မြို့တော် ဂက်ဝိဒ် (Gatwick) လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
 
 


Follow us on