1. Home
  2. International News

လူနေ ရပ်ကွက်ထဲ မှာ လာမွှေသွား တဲ့ တောထဲက ကျားသစ်

International News มิ.ย. 03, 2559 view 1,608
နီပေါနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကက်သမန်ဒူမြို့ထဲကို ကျားသစ်တစ်ကောင် လမ်းမှားရောက်လာပြီး ဝင်မွှေခဲ့တဲ့အတွက် မြို့နေပြည်သူတွေဟာ အထိတ်တလန့်ဖြစ်ပြီး ထွက်ပြေးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါကျားသစ်ကို မေ့ဆေ့သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
 
ကက်သမန်မြို့မှာ နေထိုင်သူအမျိုးသားတစ်ဦးက သူ့ရဲ့အိမ်ဝန်းထဲကို ကျားသစ်ဝင်ရောက်လာတာ တွေ့ခဲ့ရပြီးနောက် အရေးပေါ်ဌာနကကို ဖုန်းဆက်အကူအညီ တောင်းခဲ့ရတာဖြစ်ပါတယ်။ ရဲအရာရှိတွေလည်း ကျားသစ်ကိုဖမ်းဆီးဖို့ မကျွမ်းကျင်တဲ့အတွက် တိရိစ္ဆာန်ရုံက သားရိုင်းတိရိစ္ဆာန် ကျွမ်းကျင်သူတွေကို အကူအညီတောင်းခဲ့ရပါတယ်။
 
 
နာရီအနည်းငယ် ကြာမြင့်ပြီးနောက် အဆိုပါ ကျားသစ်ကို ဖမ်းဆီးနိုင်ခဲ့တာပါ။ နီပေါတောင်ပိုင်းက လွင်ပြင်တွေထဲမှာသာ ကျားသစ်တွေ ကျက်စားနေထိုင်လေ့ရှိပေမယ့် တစ်ခါတစ်ရံမှာ အခြေအနေတစ်ခုခုကြောင့် လူတွေနေထိုင်ရာအနီးကို ရောက်လာတဲ့ ပြဿနာ နီပေါမှာ ရင်ဆိုင်နေရပါတယ်။
 
၂၀၁၂ ခုနှစ်တုန်းက နီပေါအနောက်ပိုင်းက ရွာတစ်ရွာမှာ ကျားသစ်တစ်ကောင် ဝင်မွှေခဲ့လို့ လူပေါင်း ၁၂ ဦးနဲ့အထက် သေဆုံးခဲ့ရပါသေးတယ်။


Follow us on