1. Home
  2. International News

စစ်တပ်သုံး လုံခြုံရေးအဆင့်ရှိ ဒေါ်လာ ၁၆၀၀၀ တန် စမတ်ဖုန်းသစ်

International News มิ.ย. 04, 2559 view 1,674

စမတ်ဖုန်းတစ်လုံးရဲ့ တန်ဖိုး ဘယ်လောက် ရှိမယ်လို့ ယူဆပါသလဲ။ မိတ်ဆွေယူဆတဲ့ ဈေးနှုန်းထက် အဆပေါင်းများစွာ များပြားနေ ပါတယ်။ ဒေါ်လာ ၁၆၀၀၀၀ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်း ၁၉၀ ၀န်းကျင်ရှိတဲ့ စမတ်ဖုန်းကို အစ္စရေးနိုင်ငံက Sirin Labs က ဖန်တီး လိုက်ပါတယ်။ Solarin လို့ အမည်ပေးထားတဲ့ ဒီစမတ်ဖုန်းရဲ့ လုံခြုံရေးအဆင့်က စစ်တပ်သုံး လုံခြုံရေးအဆင့် ဖြစ်တဲ့ KoolSpan ဖြစ်ပြီး Zimperium အခြေခံ ခြိမ်းခြောက်မှုကာကွယ်မှုစနစ် ထည့်သွင်းထားပါတယ်။ ဒီဖုန်းကို နိုင်ငံရေး သမားတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ နာမည်ကျော် အနုပညာရှင်တွေအတွက် ရည်ရွယ်ပြီး ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

ဘယ်လိုနည်းနဲ့မျှ လုံခြုံရေးစနစ် ထဲသို့ ထိုးဖောက်လို့မရတဲ့ စနစ်မျိုးတွေပါ။ Solarin က မျက်နှာပြင် ၅.၅ လက်မရှိပြီး LED ရုပ်ထွက်နှင့် ထောက်ပံ့ ထားပါတယ်။ 2K 2048x1080 Pixel ရှိပါတယ်။ ကျောဘက်မှာ 23.8 MP ရှိ ကင်မရာပါရှိပြီး အရည်အသွေး အင်မတန်ကောင်းမွန်တဲ့ စပီကာသုံးလုံး ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ WiGig နည်းပညာကိုလည်း ထည့်သွင်းထားပါတယ်။ WiGig နည်းပညာပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ဒေါင်းလော့ပ်စပီး 4.6 Ggb ရှိပါတယ်။

Credit : mayoneyinponepyinmat



Follow us on