1. Home
  2. International News

အိုင်အက်စ်ချေမှုန်းရေး နည်းဗျူဟာအဖြစ် ဗြိတိန်တပ်ဖွဲ့များက အိန္ဒိယရုပ်ရှင် တေးသီချင်းများအသုံးပြု

International News มิ.ย. 04, 2559 view 1,685

လစ်ဗျားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော် (ISIS) အကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်ရာတွင် စိတ်ဓာတ် စစ်ဆင်ရေး နည်းဗျူဟာတစ်ရပ်အရ အိန္ဒိယရုပ်ရှင် တေးသီချင်းများ ထုတ်လွှင့်သည့် နည်းလမ်းကို အသုံးပြုလျက်ရှိကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက ဇွန် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ ပါကစ္စတန်ဇာတိဖွား ထောက် လှမ်းရေး အရာရှိတစ်ဦး၏ အကြံပြု ချက်အရ လစ်ဗျား၌ စစ်ရေးတာဝန် ထမ်းဆောင်နေသော ဗြိတိန် အထူးတပ်ဖွဲ့ဝင်များက ဘောလိဝုဒ် (ခေါ်) အိန္ဒိယရုပ်ရှင် တေးသီချင်း များအား ထုတ်လွှင့်သည့် စိတ်ဓာတ် စစ်ဆင်ရေးနည်းဗျူဟာကို အသုံးပြု လျက်ရှိကြောင်း လန်ဒန်တွင် ထုတ်ဝေသော ဒေးလီးမေရာ သတင်းစာက ရေးသားဖော်ပြ သည်။

အိုင်အက်စ် စစ်သွေးကြွများသည် တေးဂီတကို ရွံမုန်းသူများဖြစ်ပြီး တေးဂီတသည် အစ္စလာမ်ဘာသာ၏ အဆုံးအမများနှင့် ကိုက်ညီမှုမရှိဟု ယူဆကြသည်။ အထူးစစ်ဆင်ရေး လုပ်ငန်းများ ဆိုင်ရာ ပူးတွဲစစ်ဌာနချုပ်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဗြိတိန်တပ်ဖွဲ့များသည် အိုင်အက်စ် အဖွဲ့ ချေမှုန်းရေးလုပ်ငန်းအတွက် လစ်ဗျားတပ်ဖွဲ့များကို စစ်ရေးလေ့ ကျင့်ပေးလျက်ရှိသည်။ လစ်ဗျားနိုင်ငံ၏ ၁၈၅ ကီလိုမီတာ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း ဒေသနှင့် ဆာတေးမြို့တို့ကို ထိန်းချုပ် ထားသော အိုင်အက်စ်စစ်သွေးကြွ များကို လစ်ဗျားတပ်ဖွဲ့များက ချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

Credit : thithtoolwin.com



Follow us on