1. Home
  2. International News

13နှစ်အရွယ်ကျောင်းသားနဲ့မှားယွင်းပြီးကိုယ်ဝန်ရခဲ့တဲ့ အမေရိကန်ဆရာမ

International News มิ.ย. 06, 2559 view 1,563

အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်မှာ ဆရာမဖြစ်သူဟာ ၁၃နှစ်အရွယ်ပဲ ရှိသေးတဲ့ကျောင်းသားနဲ့ မှားယွင်းခဲ့ကြပြီး ကိုဝန်ရခဲ့လို့ ထိုဆရာမကို ရဲများက ရှာဖွေခဲ့ကြပါတယ်။ Alexandrea Vera လို့အမည်ရတဲ့အသက်၂၄နှစ်အရွယ်ဆရာမဟာလွန်ခဲ့တဲ့နှစ်စက်တင်ဘာလကတည်းက ကျောင်းသားတစ်ဦးနဲ့ ဆက်နွယ်နေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ရဲများကဖမ်းမိခဲ့ပြီး တရားရုံးမှာ အဆိုပါဆရာမက သူမနဲ့မှားယွင်းခဲ့တဲ့ ထိုကျောင်းသား ကျောင်းကိုမလာတဲ့နေ့တစ်နေ့မှာ အင်စတာဂရမ်ပေါ်ကနေ သူမရဲ့ဖုန်းနံပါတ်ကိုပေးခဲ့ပါတယ်။ ဖုန်းဆက်ပြီး ဘာ့ကြောင့်မလာလဲပြောခိုင်း ခဲ့ရာကနေ ဇာတ်လမ်းစခဲ့တယ်လို့ဆိုပါတယ်။ နောက်တော့ နေ့တိုင်းလိုလို ချိန်းတွေ့ပြီး အတူတူနေဖြစ်ကြပါတယ်။ ပြီးတော့ကျောင်းမှာလည်း သူတို့၂ယောက်ကြားထဲကဇာတ်လမ်းကို လျှို့ဝှက်ထားခြင်းမရှိပဲပေါ်ပေါ်တင်တင်နေခဲ့ပါတယ်။

“အဲ့ဒိကောင်လေးက ဆရာမရဲ့တင်ပါးကို ခဏခဏလူကြားထဲမှာ ကိုင်နေတာလေ၊ ပြီးတော့သူတို့၂ယောက်က ဘာမှမရှက်သလိုပဲ”လို့ ကျောင်းသားတစ်ယောက်က ဆိုခဲ့ပါ တယ်။

အဆိုပါကောင်လေးရဲ့မိသားစုကလည်း ဒီလိုဖြစ်နေတာကို သိတယ်လို့ဆရာမက ဆိုခဲ့ပါတယ်။ သိတဲ့အပြင် အားပေးအားမြှောက်လုပ်ခဲ့ပြီး။ မွေးလာမယ့် မြေးလေးကိုတောင် ချီချင်နေပြီလို့ ပြောခဲ့ကြောင်း KPRCသတင်းဌာနက ဆိုခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကလေးသူငယ်စောက်ရှောက်ရေးအဖွဲ့ကကျောင်းကို လာပြီးဆရာမကို မေးခွန်းတွေမေးခဲ့တဲ့ အချိန်မှာတော့ ဆရာမက ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျောင်းကလည်း ဆရာမအကြောင်းကို သိသိခြင်း ထုတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆရာမကို ဘယ်လိုပြစ်ဒဏ်ပေးမလဲဆိုတာတော့ အခုထိမသိရသေးပါဘူး။ Credit:Shwemom



Follow us on