1. Home
  2. International News

အမေရိကန် ဂျာနယ်လစ် အာဖဂန်တွင် အသတ်ခံရ

International News มิ.ย. 07, 2559 view 1,550

ကဘူးလ်၊ ဇွန် ၆ ။ ။ အာဖဂန်နစ္စတန်တောင်ပိုင်း ဟေးမန့်ပြည်နယ်တွင် အမေရိကန်ဂျာနယ်လစ်နှင့် စကားပြန်တစ်ဦး အသတ်ခံရသည်။ NPR သတင်းဌာနက ဒေးဗစ်ဂျီကေးနှင့် စကားပြန်ဖြစ်သူ ဇာဘီဟူလက်ရှ်တို့က အာဖဂန်စစ်တပ်နှင့်အတူ လိုက်ပါသတင်းယူစဉ် စီးနင်းလာသည့် ကားအား အမြောက်ဖြင့် တိုက်ခိုက်ခံရ၍ သေဆုံးခြင်းဖြစ်ကြောင်း NPR သတင်းဌာနက ပြောသည်။ ကားဒရိုင်ဘာနှင့် အာဖဂန်စစ်သားတစ်ဦးတို့လည်း သေဆုံးသည်။ နောက်ထပ် NPR ၀န်ထမ်းနှစ်ဦးက ခရီးစဉ်တွင် အတူပါခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း သတင်းဌာနက ထုတ်ပြန်သည်။

ဒေးဗစ်နှင့် ဇာဘီဟူလက်ရှ်တို့ ယာဉ်က မာဂျက်ရှ် မြို့အနီးတွင် အမြောက်ဆန်မှန်၍ ယခုကဲ့သို့ သေဆုံးခြင်းဖြစ်သည်။ ဇာဘီဟူလက်ရှ်သည် အာဖဂန်တွင် ဓာတ်ပုံသတင်းထောက်နှင့် ဂျာနယ်လစ်တစ်ဦးဖြစ်သကဲ့သို့ စကားပြန်အဖြစ်လည်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်။ ဒေးဗစ်သည် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကြီးဖြစ်ပွားချိန်မှစကာ အီရတ်နှင့် အာဖဂန်တွင် စစ်သတင်းနှင့် အကြမ်းဖက်ပဋိပက္ခသတင်းများ လိုက်နေသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည်။

Credit : http://mizzimaburmese.com/



Follow us on