1. Home
  2. International News

ပြန်လည် လည်ပတ်နေပြီဖြစ်တဲ့ မြောက်ကိုရီးယား နူကလီးယား စက်ရုံ

International News มิ.ย. 08, 2559 view 1,619
ဂြိုဟ်တုဓာတ်ပုံများအရ ယောင်ဗြွန်းနျူကလီးယားစက်ရုံမှာ မော်တော်ယာဉ်သွားလာမှုနဲ့ အအေးခံစနစ်မှ ရေပူစွန့်ထုတ်မှုတို့ကို ထောက်လှမ်းတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံရဲ့ ယောင်ဗြွန်းနျူကလီးယားစက်ရုံ ပြန်လည်ပတ်နေပုံရကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency - IAEA) က ပြောကြားပါတယ်။ ယောင်ဗြွန်းစက်ရုံဟာ မြောက်ကိုရီးယား နျူကလီးယားလက်နက် အစီအစဉ်အတွက် လိုအပ်တဲ့ ပလူတိုနီယံ သန့်စင်ပေးသော အဓိက ရင်းမြစ်နေရာလည်း ဖြစ်ပါတယ်။
 
အဆိုပါ စက်ရုံကို ၂၀၀၇ ခုနှစ်က လုပ်ငန်းများရပ်ဆိုင်း ပိတ်ပင်ထားခဲ့ပေမဲ့ ယမန်နှစ်အတွင်းမှာတော့ ပြန်လည်ပတ်ရန် အသင့်ဖြစ်နေကြောင်း မြေက်ကိုရီးယားက ပြောခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း စတုတ္ထအကြိမ် နျူကလီးယားစမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့မှုကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံအသီးသီးက အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
 
IAEA အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ၂၀၀၉ ခုနှစ်နောက်ပိုင်း သွားရောက်နိုင်ခြင်း မရှိခဲ့ဘဲ ဂြိုဟ်တုဓာတ်ပုံများကို ကြည့်ရှုပြီး စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ဂြိုဟ်တုဓာတ်ပုံများအရ ယောင်ဗြွန်းနျူကလီးယားစက်ရုံမှာ မော်တော်ယာဉ်သွားလာမှုနဲ့ အအေးခံစနစ်မှ ရေပူစွန့်ထုတ်မှုတို့ကို ထောက်လှမ်းတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 
 
အခြားသော မြောက်ကိုရီးယား စောင့်ကြည့်သူတွေကလည်း လတ်တလော လပိုင်းအတွင်း မြောက်ကိုရီးယား နျူကလီးယားစက်ရုံမှာ လုပ်ငန်း ပြန်လည်ဆောင်ရွက်နေတဲ့ လက္ခဏာများ တွေ့ရှိရကြောင်း ပြောကြားထားပါတယ်။
 
Source : Duwun 


Follow us on