1. Home
  2. International News

မြေထဲပင်လယ်တွင် ကျွန်းတုဆောက်ကာ ဒုက္ခသည်သီးသန့်မြို့ပြနိုင်ငံ ထူထောင်မည်

International News มิ.ย. 10, 2559 view 1,644

ဥရောပနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြသနာကြီးအတွက် အဖြေရှာတွေ့ပြီလို့ဒတ်ခ်ျဗိသုကာပညာရှင်တစ်ယောက်က ပြောကြားလိုက်ပါတယ်။ သူ့ ဖြေရှင်းနည်းကတော့ မြေထဲပင်လယ်မှာ မြို့တစ်မြို့ တည်လိုက်ဖို့ပါ။ တူနီးရှားနဲ့ အီတလီကြားမှာရှိတဲ့နေရာမှာEurope In Africa ( EIA ) ဆိုတဲ့ ကျွန်းတုတည် သွားပြီးအဲဒီမှာ ဒုက်္ခသည်တွေကိုပဲ ထား သွားပါမယ်တဲ့။ ဥရောပကိုလာဖို့ ကြိုး စားနေကြတဲ့ ဒုက်္ခသည်တွေကို အဲဒီမှာ နေရာချထားပေးသွားမှာပါ။ အဲဒီမှာ ကိုယ် ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စီးပွားရေး၊ လူမှုရေးစနစ်တွေရှိမှာပါ။

ပြီးတော့ အဲဒီမှာ တက်္ကသိုလ်၊ ဘောလုံးကွင်း၊ လေဆိပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ ရှိမှာပေါ့။ အီး ယူက အဲဒီမြေ(ပင်လယ်ပိုင်နက်)ကို တူနီးရှားနဲ့ အီတလီဆီက ပထမ ၂၅ နှစ် အတွက် ငှားပြီး ကျွန်းမှာနေမယ့်လူတွေက အဲဒီငှားခကိုပေးဖို့၊ အီးအိုင်အေကျွန်းမှာ ငါးနှစ်နေပြီးသွားတဲ့ ဒုက်္ခသည်ဟာ ဥရောပနိုင်ငံကူးလက်မှတ်လျှောက်ထား နိုင်ပြီး ဥရောပဘက် ရွှေ့ပြောင်းသွားနိုင်ဖို့ သူက စိတ်ကူးထားပါသတဲ့။

Credit : pyimyanmarnews/

#ချယ်ရီ (DM, 3.6.16)



Follow us on