1. Home
  2. International News

ချုံပင်များကို ညှပ်ကာ ဇိမ်ကျကျနှပ်နေသည့် ဧရာမကြောင်ကြီးသဏ္ဌာန် ပုံဖော်

International News มิ.ย. 13, 2559 view 1,802

ချုံပင်တွေကိုညှပ်ပြီး ဇိမ်ကျကျ နှပ် နေတဲ့ ဧရာမကြောင်ကြီးသဏ္ဌာန် ပုံဖော် ထားတဲ့ လက်ရာတွေ အင်္ဂလန်နိုင်ငံ ကျေး လက်တစ်လွှား နေ့ချင်းညချင်းဆိုသလို ပေါ်လာခဲ့ပြီး အဲဒီလက်ရာတွေဟာ ဖေ့စ် ဘွတ်မှာ ပလူပျံသွားပါတယ်။ ဒီပုံတွေဟာဆိုရင် ရက်ပိုင်းအတွင်း မှာကိုပဲLike တွေ သန်းနဲ့ချီရသွားပါတော့ တယ်။ ဒါပေမဲ့ ဒါဟာ ဒီဂျစ်တယ် နည်း ပညာနဲ့ အပိုအလိုမရှိဖန်တီးထားတဲ့ အနု ပညာလက်ရာတွေသာဖြစ်ပြီး အပြင်မှာ တကယ်မရှိပါဘူးတဲ့လေ။

ရစ်ချတ်ဆန် ဒါစ်ဆိုတဲ့ အမျိုးသားကသူ သိပ်ချစ်ရတဲ့ ကြောင်လေး သေသွားတာမို့ သူ့ကြောင်ပုံ တွေကို ဒီလိုဖန်တီးပြီး အလွမ်းဖြေတာပါ။ ကန်တစ်ကန်နား မေးတင်ပြီး အိပ်နေတဲ့ သူ့လက်ရာ ကြောင်ပုံဟာဖြင့် မသိရင် တကယ့်အစစ်အလား ထင်မှတ်မှား လောက်စရာပါ။

Credit : https://www.facebook.com/mayoneyinponepyinmat/

သတင်း / ဓာတ်ပုံ - Pyi Myanmar



Follow us on