1. Home
  2. International News

ဇီလင်စကီးဟာလီဗာပူးကိုပဲပြောင်းရွေ့ချင်နေတယ်လို့နာပိုလီဥက္ကဋ္ဌဒီလော်ရန်တစ်ပြောဆိုသွား

International News มิ.ย. 14, 2559 view 1,568

နာပိုလီအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူဒီလော်ရန်တစ်ကအူဒီးနီးစီးကွင်းလယ်လူဇီလင်းစကီးလီဗာပူးကိုပဲပြောင်းရွေ့ချင်နေတယ်လို့ဝန်ခံသွားခဲ့ပါတယ်။ ဆက်လက်ပြီးဒီလော်ရန်တစ်ကသူဟာအဆိုပါပိုလန်ကွင်းလယ်လူကိုခေါ်ယူနိုင်ဖို့ကြိုးပမ်းခဲ့တယ်လို့လည်းဝန်ခံသွားခဲ့ပါတယ်။

Corriere Dello Sport သို့ဒီလော်ရန်တစ်ကပြောကြားခဲ့ရာမှာ “ဇီလင်စကီးကိုခေါ်ယူနိုင်ဖို့အူဒီးနီးစီးပိုင်ပိုဇိုမိသားစုနဲ့ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးအသေးစိတ်အချက်အလက်တွေသဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်းကစားသမားဘက်ကတော့နာပိုလီကိုရွေးချယ်ဖို့စိတ်ကူးမရှိဖြစ်နေပြီးပ၇ီးမီးယားလိဂ်ကလပ်အသင်းကိုပဲပြောင်းရွေ့ချင်နေတဲ့ပုံပါပဲ။

ဖြစ်နိုင်တာကတော့သူနေပယ်မြို့ကိုမရောက်ဘူးလို့ဒါမှမဟုတ်ဘီတယ်အဖွဲ့ကိုသဘောကျလို့ဖြစ်နိုင်ပါတယ်။” လို့ပြောသွားခဲ့ပါတယ်။



Follow us on