1. Home
  2. International News

မန်စီးတီး အသင်းနှင့် ပါတ်သက်သော နောက်ဆုံးပေါ် အချက်အလက်များ

International News มิ.ย. 14, 2559 view 1,552
မန်စီးတီး အသင်းရဲ့ အကယ် ဒမီ နည်းပြ ဟောင်း ဂျင် ကက်စ်ဝဲလ် ဟာ ယူရိုပြိုင် ပွဲကို ကြည့်ရှုခဲ့ပြီး အသင်းရဲ့ အကယ် ဒမီထွက် ကစားသမား ၉ ဦးအထိ ပါဝင် နေတာကို သတိပြုမိခဲ့တယ် လို့ ဆိုခဲ့ပါတယ် ။
 
အဆိုပါ ကစားသမားတွေက တော့ အင်္ဂလန် တိုက် စစ် မှုး စတာရစ် ၊ စလိုဗက်ကီးယား အသင်းက ဗလာဒီမာ ၀ီးဆ် နဲ့ ရော် ဘီမက် ၊ အယ် ဘေးနီးယားအသင်းမှာ ဖရက်ဒီဗီဆီလီ ၊ အိုင် ယာလန် အသင်းရဲ့ ကီရင် ၀က်စ်ဝုဒ် နဲ့ ဂလန် ၀ီလန် ၊ ဆွီဒင် အသင်းသား ဂျွန် ဂွီဒက်တီ နဲ့ ဝေးလ် ကစားသမားတွေဖြစ်ကြတဲ့ ၀ိန်း ဟန်နက်ဆီ နဲ့ နီးလ် တေလာ တို့ဖြစ် ကြတယ် လို့ သိရပါတယ် ။
 
မန်စီးတီး အသင်းဟာ ဒေါ့မွန် တိုက် စစ် မှုး အော့ဘာမီးယန်း ကို စိန့်အိန် တိန်းအသင်းမှာ ကစားနေစဉ် က ပေါင် ၁၀ သန်းခန့်ဖြင့် ခေါ်ယူဖို့ စောင့်ကြည့်ဖူးတယ် လို့သိရပါတယ် ။ ဒါပေမယ့် ပယ် လီ ဂရီနီ နည်းပြ အဖြစ် ရောက် ရှိအပြီးမှာ နီဂရီဒို နဲ့ ယိုဗီတစ် တို့ကို ခေါ်ယူခဲ့တာကြောင့် ဆက် လက် စောင့်ကြည့်ခြင်းမရှိတော့ဘူးလို့ သိရပါတယ် ။ အဲ့ဒိနောက် မှာတော့ ဒေါ့မွန် အသင်းက ပေါင် ၉ သန်းခန့်နဲ့ ခေါ်ယူသွားခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့ပါတယ် ။ ယခုတဖန် မန်စီးတီး အသင်းက ကမ်းလှမ်းဖို့ ပြင် ဆင် နေချိန် မှာ ဒေါ့မွန်အသင်း က အနိမ့်ဆုံး ပေါင် ၆၅ သန်း ပေးချေ နိုင် မှသာ အော့ဘာမီးယန်း အတွက် စဉ်းစားဖို့ သတိပေးသွားခဲ့ပါတယ် ။
 
မန်စီးတီး အသင်းဟာ အာဂျင် တီးနား နောက် ခံလူ ဒီမစ်ချယ်လီ ကို ထွက် ခွာခွင့်ပေးလိုက်ပြီဖြစ် တာ ကြောင့် ရာသီကြိုပွဲစဉ်တွေမတိုင် မီ နောက် ခံလူ အသစ် ခေါ်ယူနိုင် ဖို့ အရှိန်မြင့်လုပ် ဆောင် နေတယ် လို့ သိရပါတယ် ။ ယူရိုပြိုင် ပွဲကြောင့် ပွဲပန်းနိုင် တဲ့ အဲဗာတန် နောက် ခံလူ စတုန်း ထက် ပြင် သစ် လက် ရွေးစင် အသင်းမှာ ရွေးချယ် မခံခဲ့ရတဲ့ ဘီဘာအို ခံစစ် မှုး လာပေါ်တေး ကို ဂွာဒီယိုလာရဲ့ နံပါတ် ၁ ပစ် မှတ် အဖြစ် သတ် မှတ် ထားပြီး ယူရိုပြိုင် ပွဲ မပြီးဆုံးခင် မှာ အရ ခေါ်ယူမယ် လို့ ကြားသိရပါတယ် ။
 
ဂျာမန် ဂိုးသမားဟောင်း ယန်းလေးမန်း က ရှော် ကေးအသင်းလူငယ်ကြယ် ပွင့် ဆာနေး ဟာ တောက် ပ တဲ့ အနာဂါတ် ရှိသူလို့ ပြောဆိုသွားခဲ့ပြီး သူကစားတာကို စောင့်ကြည့်ရတာ စိတ် ကျေနပ် မှု ပေးနိုင် တယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။
မန်စီးတီး နည်းပြ ဟောင်း ပယ် လီ ဂရီနီ ဟာ အေစီမီလန် အသင်းကို ကိုင် တွယ် ဖို့ နီးစပ် နေခဲ့ပြီလို့ သတင်း ရရှိပါတယ် ။
 
နောက် ဆုံး ကြားသိရတဲ့ သတင်းတွေ အရ မန်စီးတီး အသင်းဟာ ၀က်စ်ဟမ်း ကွင်းလယ်လူ ပါယက် ကိုလည်း စိတ် ၀င် စားလာခဲ့တယ် လို့ သတင်းကြားသိရပါတယ် ။


Follow us on