1. Home
  2. International News

ယူရိုဘောလုံးပြိုင်ပွဲကျင်းပသည့် ဘောလုံးကွင်းများအနီး အရက်၊ ဘီယာ ရောင်းချသောက်သုံးမှု ပိတ်ပင်

International News มิ.ย. 14, 2559 view 1,591
၂၀၁၆ ယူရိုဘောလုံးပြိုင်ပွဲကျင်းပတဲ့ ပြင်သစ်မြို့တွေက ဘောလုံးကွင်းအနီး ပတ်ဝန်းကျင်မှာ အရက်၊ ဘီယာ ရောင်းချသောက်သုံးမှုကို ပိတ်ပင်ဖို့ ပြင်သစ်အစိုးရက ဇွန်လ ၁၂ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။
 
ပြီးခဲ့တဲ့ ၃ ရက်အတွင်း နိုင်ငံတောင်ပိုင်းက မာဆေးမြို့မှာ ဘောလုံးပွဲပရိသတ်တွေနဲ့ ပြင်သစ်ရဲလုံခြုံရေးတွေကြား ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားခဲ့အပြီး ပြင်သစ်အစိုးရက ဘောလုံးပွဲကျင်းပတဲ့ မြို့အာဏာပိုင်တွေကို အခုလို ညွှန်ကြားချက် ထုတ်ပြန်လိုက်တာပါ။
 
ဇွန် ၁၁ ရက်က မာဆေးမြို့မှာ ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ရုရှားပွဲမှာ ရုရှားပရိသတ်တွေ ဗြိတိန်ပရိသတ်တွေဘက်ခြမ်းသွားပြီး ပြဿနာရှာခဲ့တယ်ဆိုတဲ့ကိစ္စကို ယူအီးအက်ဖ်အေက စုံစမ်းနေပြီး ပဋိပက္ခတွေ ဆက်ဖြစ်နေမယ်ဆိုရင် နှစ်သင်းစလုံးကို ဒီယူရိုပြိုင်ပွဲက ထုတ်မယ်လို့ သတိပေးထားပါတယ်။
 
လာမယ့် ဇွန် ၁၆ ရက် လန်စ်းမြို့မှာကျင်းပမယ့် အင်္ဂလန်နဲ့ ဝေးလ်ပွဲနေ့မှာ ဗြိတိန်ရဲတပ်ဖွဲ့တွေ စေလွှတ်ဖို့လည်း ဗြိတိန်အစိုးရက ကမ်းလှမ်းထားပါတယ်။
 
ဘောလုံးပွဲကြည့် ပရိသတ်တွေကတော့ ဘောလုံးပွဲမှာ သောက်ကြ ပျော်ပါးကြတာ ထုံးစံလို ဖြစ်နေပေမယ့် မရမ်းကားဖို့တော့ ထိန်းသိမ်းကြရမယ်လို့ ပြောဆိုကြပါတယ်။


Follow us on