1. Home
  2. International News

ကိုယ်ကြိုက်တဲ့ ရုပ်ရှင် မင်းသားမင်းသမီးနဲ့ လက်ထပ်ခွင့်ရခဲ့တဲ့ ကံကောင်းသူ (၅) ဦး

International News มิ.ย. 14, 2559 view 1,599
သရုပ်ဆောင်၊ အဆိုတော်စတဲ့ ဆယ်လီတွေကို ကြိတ်ခိုက်ကြသူတွေ တော်တော်များပါလိမ့်မယ်။ ဒါပေမဲ့လည်း အများစုက သူတို့တွေနဲ့ ချစ်ခွင့်ရဖို့ နေနေသာသာ ခင်မင်ခွင့်တောင် မရခဲ့ကြပါဘူး။ ဒါပေမဲ့လည်း ကံကောင်းသူအချို့တော့ ရှိနေခဲ့ပါတယ်။
 
၁။ အဒမ်ရှူလ်မန်း
 
၂၀၀၈ ခုနှစ်မှာ အန်းဟက်သာဝေးက ၄ နှစ် တွဲခဲ့တဲ့ ရည်းစား ရက်ဖယ်လိုဖော်လီရာရီနဲ့ ကွဲသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဟက်သာဝေးဟာ ရည်းစားအတည်တကျ မတွဲသေးဘူးလို့ ဆုံးဖြတ်ပြီး သာမန်ချိန်းဆိုမှုတွေသာ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်ထဲမှာပဲ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ သူမရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ အဒမ်ရှူလ်မန်းနဲ့ ခင်မင်ခွင့်ရခဲ့တယ်။ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် နက်နဲတဲ့ ခံစားချက် ဖြစ်ပေါ်ခဲ့ပေမဲ့ ပိုင်ဆိုင်သူ ရှိနေမှာပဲလို့ ကိုယ်စီ တွေးမိကြတယ်။ ဒါပေမဲ့ နောက်ထပ် ၆ ပတ်အကြာမှာတော့ ဟက်သာဝေးက နယူးအော်လန်ကို သွားဖို့ လက်မှတ်အပိုတစ်စောင် ရှိနေတယ်။ သူမရဲ့ သူငယ်ချင်းတွေက မလိုက်နိုင်ဘူး။ အဲဒီအချိန်မှာ ရှူလ်မန်းမှာ ရည်းစားမရှိဘူးလို့ သိလိုက်တဲ့အတွက် သူမနဲ့အတူ လိုက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီခရီးဟာ အဆင်ပြေခဲ့ပြီး သူတို့နှစ်ယောက် ၄ နှစ်တွဲခဲ့ကာ လက်ထပ်ခဲ့ကြပါတယ်။ အခုဆိုရင် သားဦးလေး ဂျော်နသန်ရို့စ်ဘန့်စ်ရှူမန်းတောင် ရှိနေပါပြီ။
 
၂။ ဒန်နီမိုဒါ
 
၂၀၀၁ ခုနှစ်မှာ မိုဒါက The Mexican ရုပ်ရှင်ကားအတွက် ကင်မရာမင်း လုပ်ပေးရပြီး အဲဒီမှာ သရုပ်ဆောင်သူက သူအရမ်းသဘောကျတဲ့ ဂျူလီယာရောဘတ်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိုဒါက ဇနီးနဲ့ အဆင်မပြေဘူး။ ဒန်နီက ကွာရှင်းချင်ပေမဲ့ သူ့ဇနီးက သဘောမတူချင်ဘူး။ ဂျူလီယာရောဘတ်ကလည်း ဘရက်ပစ်နဲ့ ကြိုက်နေတယ်။ သူတို့နှစ်ယောက်စလုံးမှာ အချစ်ရေး ပြဿနာကိုယ်စီရှိနေကြပေမဲ့ မေတ္တာမျှခဲ့ကြတယ်။ နောက်ဆုံးမှာ ဒန်နီရဲ့ဇနီးက ကွာရှင်းဖို့ သဘောတူလိုက်ပြီး သူတို့တွေ တစ်နှစ်အတွင်း ကွာရှင်းလိုက်တယ်။ ဒန်နီနဲ့ ဂျူလီယာရောဘတ်တို့ လက်ထပ်လိုက်ကြတယ်။ သူတို့မှာ သားသမီး သုံးယောက် ထွန်းကားခဲ့ပြီး အိမ်ထောင်သက် ၁၃ နှစ်ရှိပါပြီ။ အခုတော့ သူတို့တွေ ကွာရှင်းဖို့ ပြင်ဆင်နေကြပါတယ်။
 
၃။ ဒေးဗစ်ဘက်ခမ်း
သူလည်း ဆယ်လီတစ်ဦးဖြစ်ပေမဲ့ သူသဘောကျရတဲ့ ဆယ်လီရှိနေပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေ အတွင်းမှာ Spice Girls အဖွဲ့က နာမည်ရနေပြီး သူတို့ကိုသဘောကျတဲ့သူတွေထဲမှာ နာမည်ကျော်ဘောလုံးသမားကြီး ဘက်ခမ်းလည်း ပါပါတယ်။ ဒါပေမဲ့ ဘက်ခမ်းကတော့ ဗစ်တိုးရီးယားတစ်ဦးတည်းကိုပဲ ကြိတ်ကြွေခဲ့တာပါ။ ၁၉၉၇ ခုနှစ်မှာ ဘက်ခမ်းက ဗစ်တိုးရီးယားကို သွားရောက်မိတ်ဆက်ပြီး နောက်ပိုင်းမှာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ သူတို့အတွဲဟာ စတင်သိကျွမ်းပြီး ၂ နှစ်အကြာ မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး အခုဆိုရင် ကလေး ၄ ယောက်တောင် ထွန်းကားနေပါပြီ။
 
၎။ လူစီယာနာဘာရိုစို
မီယာမီမှာရှိတဲ့ ဘားတစ်ခုမှာ စားပွဲထိုးမလေးဟာ ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားတစ်ဦးရဲ့ ဇနီး ဖြစ်လာခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ မက်ဒိမ်မွန်က မီယာမီမှာ Stuck on You ဇာတ်ကားကို လာရိုက်ပါတယ်။ တစ်ညမှာ ဒိမ်မွန်က လူစီယာနာ အလုပ်လုပ်တဲ့ ဘားကို သွားခဲ့ပြီး လူတွေ သတိမထားမိအောင် ဘားရဲ့နောက်မှာ ပုန်းနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာရိုစိုက ဒိမ်မွန်ကို ခလုတ်တိုက်မိပြီး ဘားနောက်မှာ ဘာလုပ်နေလဲလို့ မေးလိုက်တယ်။ အဲဒီအချိန်မှာ နှစ်ယောက်စလုံးက ထူးဆန်းတဲ့ ခံစားချက် ကိုယ်စီဖြစ်ပေါ်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပြီး အခုဆိုရင် ကလေး ၃ ဦးတောင် ရနေပါပြီ။ ဒိမ်မွန်ဟာ ဘာရိုစိုရဲ့ အရင်အိမ်ထောင်နဲ့ရတဲ့ သမီးလေးကိုတောင် သူ့သမီးအဖြစ် မွေးစားလိုက်ပါတယ်။
 
၅။ ကက်ရှ်ဝါရန်
ရုပ်ရှင်ထုတ်လုပ်ရေးလက်ထောက်တစ်ဦးဖြစ်တဲ့ ကက်ရှ်ဝါရန်ဟာ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ အများကြီးနဲ့ ဆက်ဆံရသူပါ။ ဒါပေမဲ့ သူ ကြိတ်ခိုက်ရတဲ့ မင်းသမီး ဂျက်စီကာ အယ်လ်ဘာနဲ့ကတော့ ၂၀၀၄ ခုနှစ် Fantastic Four ဇာတ်ကားရိုက်စဉ်မှာမှ တွေ့ဆုံခွင့် ရခဲ့တယ်။ သူတို့နှစ်ယောက်စလုံးဟာ မြင်မြင်ချင်း ချစ်ခဲ့ကြတာပါ။ လေးနှစ်ကြာ တွဲခဲ့ကြပြီးတဲ့နောက် သူတို့တွေက ဘဝလက်တွဲဖော်အစစ်အမှန်ဆိုတာ နှစ်ယောက်စလုံး လက်ခံခဲ့ကြပြီး လက်ထပ်ခဲ့ကြပါတယ်။ အခုဆိုရင် သူတို့မှာ ကလေးနှစ်ယောက် ရှိနေပါပြီ။
 
Source : Duwun 


Follow us on