1. Home
  2. International News

ယခုတပါတ် မြောက်အမေရိကရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကား (သို့) The Conjuring 2

International News มิ.ย. 14, 2559 view 1,503
အမေရိကန် သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်ကားThe Conjuring 2 သည် မြောက်အမေရိက၌ ပွဲဦး ထွက် သီးတင်းပတ်ကုန် ရုံတင် ပြသငွေ အများဆုံးရရှိသော ဇာတ်ကားဖြစ်သည်ဟု BoxOfficeMojo.com  က ဇွန်လ ၁၂ ရက်တွင်ပြော သည်။
 
The Conjuring 2 ရုပ်ရှင် ဇာတ်ကားကို ဇွန်လ ၁၀ ရက်တွင် မြောက်အမေရိက၌ စတင်ရုံတင် ခဲ့ရာ သီတင်းပတ်ကုန်တွင် ရုံတင် ပြသငွေ ကန်ဒေါ်လာ ၄၀ ဒသမ ၄ သန်းရရှိခဲ့သည်။ The Conjuring 2 ဇာတ်ကားသည် လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ ရုံတင်ပြသငွေ စုစုပေါင်း ကန်ဒေါ်လာ ၉၀ ဒသမ ၄ သန်း ရရှိထားသည်။
 
ယင်းဇာတ်ကားသည် ၂၀၁၃ က ထွက်ရှိခဲ့သော The Conjuring ဇာတ်ကား၏ နောက် ဆက်တွဲဇာတ်လမ်းဖြစ်သည်။ အဆိုပါဇာတ်ကားသည် သိပ္ပံ နည်းကျ အဖြေမထုတ်နိုင်သော အရာများကို စုံစမ်းလေ့လာသူများ ဖြစ်သည့် အက်ဒ်ဝါရန်းနှင့် လော် ရိန်းဝါရန်း ဇနီးမောင်နှံတွေ့ကြုံရ သည့် သည်းထိတ်ရင်ဖို ဖြစ်ရပ် ဆန်းများကို တင်ဆက်ထား သည်။
 
ယင်းဇာတ်ကားနောက်တွင် Warcraft ဇာတ်ကားက မြောက်အမေရိက၌ ရုံတင်ပြသငွေ ကန်ဒေါ်လာ ၂၄ ဒသမ ၄ သန်းဖြင့် ဒုတိယလိုက်နေပြီး Now You See Me ဇာတ်ကားက​ ရုံတင်ပြသငွေ၂၃ သန်းဖြင့် တတိယနေရာ ရရှိ ထားသည်။
 
Source : 7 Days Daily 
 


Follow us on