1. Home
  2. International News

စင်္ကာပူနိုင်ငံ မှ တရားမဝင် ဆင်စွယ်မှောင်ခို

International News มิ.ย. 14, 2559 view 1,529
ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ဆင်စွယ်မှောင်ခိုကူးသူများထံမှ သိမ်းဆည်းရမိထားခဲ့သော ဆင်စွယ် ရှစ်တန်ချိန် နီးပါးကို စင်ကာပူအာဏာပိုင်များက ဇွန်လ ၁၃ ရက်တွင်မီးရှို့ဖျက်ဆီးခဲ့သည်။
 
တစ်ချိန်တည်းတွင်ပင် နိုင်ငံ၌ တရားမ၀င် ဆင်စွယ်မှောင်ခိုဂိုဏ်းများကို ပိုမို ထိထိရောက်ရောက် နှိမ်နင်းပေးရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အစိုးရအား တိုက်တွန်းခဲ့သည်။
 
အဆိုပါနေ့က တန်ချိန်ပေါင်း ၇ ဒသမ ၉ တန် ရှိမည့် ဆင်စွယ်ပေါင်း ၂,၇၀၀ ကျော်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
 
ယင်းသည် စင်ကာပူနိုင်ငံတွင် ပထမဆုံးသော တရားမ၀င်ဆင်စွယ်ဖျက်ဆီးမှုလည်းဖြစ်ခဲ့ကြောင်း စင်ကာပူအာဏာပိုင်များက ပြောသည်။ ယခင်က ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့သော ဆင်စွယ်များကို  မူရင်းနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခြင်း သို့မဟုတ် ပြတိုက်များသို့ လှူဒါန်းခြင်း တို့သာ ရှိထားခဲ့သည်။
 
ယခု သိမ်းဆည်းရမိထားသော ဆင်စွယ်များ၏ စုစုပေါင်း ခန့်မှန်းခြေတန်ဖိုးမှာ ဒေါ်လာ ၉ ဒသမ ၆ သန်း ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်ကလည်း ကင်ညာနိုင်ငံမှ လက်ဘက်ရွက်များဖြင့် ၀ှက်လာသော ဆင်စွယ်တင် သဘောင်္တစ်စီးကို စင်ကာပူအာဏာပိုင်များက စစ်ဆေးဖမ်းဆီးရမိထားခဲ့သည်။
 
" ခုလိုမျိုး သိမ်းဆည်းရမိတဲ့ ဆင်စွယ်တွေကို တစ်ခြားနေရာတွေမှာ မသုံးပဲ ဖျက်ဆီးပစ်လိုက်တာက ကျွန်တော်တို့ စင်ကာပူနိုင်ငံဟာ တရားမ၀င် တောရိုင်းတိရိစ္ဆာန် ကုန်သွယ်မှုကို အပြင်းအထန် ကန့်ကွက်တယ်ဆိုတာကို ပြသပေးလိုက်တာပါ" ဟု တာဝန်၇ှိသူတစ်ဦးက ပြောကြားသွားသည်။


Follow us on