1. Home
  2. International News

မျက်မမြင် ကျောက်တောင်တက်သမား

International News มิ.ย. 14, 2559 view 1,572

ဂျက်စတင်ဆလတ်ဆိုတာ အမေရိကန်နိုင်ငံက ကျောက်တုံး ကျောက်တောင်တွေကို တက်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက အမြင်အာရုံကွယ်ခဲ့ရသူ ဖြစ်ပါတယ်။ မတော်တဆတစ်ခုကြောင့် မျက်လုံးကွယ်ရတာမျိုးမဟုတ်ဘဲ မျက်လုံးနဲ့ဆိုင်တဲ့ အာရုံကြောတွေ သေသွားပြီး မျက်လုံးကွယ်သွားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သူငယ်ချင်းကောင်းအချို့ကို ပိုင်ဆိုင်ထားပြီး သူငယ်ချင်းတစ်ယောက်ရဲ့ ကမ်းလှမ်းမှုနဲ့အတူ ကျောက်တောင်တက်သမားဖြစ်လာပါတယ်။

သူငယ်ချင်းတွေဟာ ဆုပ်ကိုင်ရမယ့်နေရာ ဘယ်နားလောက်မှာ ရှိတယ်ဆိုတာမျိုးကို ပြောရပြီး သူက ခန္ဓာကိုယ်နဲ့ ထိတွေ့ခံစားကာ တက်တယ်လို့ ဆိုပါတယ်။ လမ်းကြောင်းတွေကို မှတ်ထားပြီး အကြိမ်ကြိမ်ပြန်တက်တာမျိုးလည်း လုပ်ပါတယ်။ ပြုတ်ကျတာမျိုးတွေ၊ အခက်အခဲများစွာတွေ ရှိခဲ့ပေမဲ့ အခုဆိုရင် ကုမ္ပဏီတွေအချို့ရဲ့ စပွန်ဆာပေးထောက်ပံ့မှုကိုတောင် ရရှိနေပြီလို့ ဆိုပါတယ်။

သတင်း / ဓာတ်ပုံ - www.duwun.com.mm

Credit : mayoneyinponepyinmat



Follow us on