1. Home
  2. International News

ပြန်လမ်းမရှိသည့် အင်္ဂါဂြိုဟ်ခရီးစဉ်တွင် လိုက်ပါလိုသူများအား လိုက်နိုင်လောက်သည့်အရည်အချင်း ရှိ၊ မရှိ စစ်ဆေးမည်

International News มิ.ย. 15, 2559 view 1,480

ပြန်လမ်းမရှိတဲ့ အင်္ဂါဂြိုဟ်ခရီးစဉ် သတင်းစထွက်လာတော့ လူတွေက ဒါဟာ နာမည်ကြီးချင်လို့ လျှောက်လုပ်တာပါလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒတ်ခ်ျကုမ္ပဏီဖြစ်တဲ့ Mars One က တမူထူးတဲ့ ဒီခရီးစဉ်ကို စီစဉ်တာဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်တွင် အင်္ဂါဂြိုဟ်မှာ လူသားအသိုက်အ၀န်း ထူ ထောင်သွားဖို့ ရည်ရွယ်ချက်နဲ့ Mars One က ဒီခရီးစဉ်ကို စတင်တာပါ။ ၂၀၂၅ ခုနှစ်လောက်မှာ အဲဒီဂြိုဟ်ပေါ် နှစ်နှစ်တစ်ခါ အာကာသယာဉ်မှူးလေး ယောက် ပုံမှန်စေလွှတ်သွားနိုင်ဖို့ အဲဒီ ကုမ်္ပဏီက ကြိုးစားနေပါတယ်။ ဒါမှ ဂြိုဟ်နီပေါ်မှာ လူတွေ များသည်ထက်များလာ မှာမို့လို့ပါ။

ပြန်လမ်းမရှိတဲ့ ဒီခရီးစဉ်ကို လိုက်ချင်တယ်လို့ စာရင်းသွင်းသူပေါင်း အစက ၂၀၀၀၀၀ လောက် ရှိခဲ့ပေမယ့် ကုမ္ပဏီက အဲဒီအရေအတွက်ကို ၁၀၀ အထိ လျှော့ချပစ်လိုက်ပါတယ်။ အခုတော့ တတိယအဆင့် စစ်ဆေးမှာပါ။ ငါးရက်ကြာမယ့် ဒီစစ်ဆေးချက်အပြီးမှာတော့ လူ ၄၀ ပဲ လိုက်ခွင့်ရတော့မယ်တဲ့။ ဒါပေမဲ့ နောက်တစ်ဆင့် ထပ်ရွေးဦးမှာ ဖြစ်ပြီး အဲဒီကျရင် နောက်ဆုံးလိုက်ရမယ့် လူအရေအတွက်က ၂၄ ယောက်အထိကို ကျသွားဦးမှာပါ။

Credit : pyimyanmarnews/



Follow us on